ဒါ့ကြောင့် တစ်ဖက်လူက သွေးအန်တယ်လို့ကြားတာနဲ့ သူ ချက်ချင်းပဲ ဆေးရုံကိုလိုက်လာခဲ့ခြင်းဖြစ်သည်။ သူတို့က အဲ့လိုဆက်ဆံရေးမျိုး မဖြစ်နိုင်ဘူးလား .... ရှောင်အိုက်သည် တိတ်တိတ်လေး ရေရွတ်လိုက်ရင်း ရုတ်တရတ် ဖြစ်နိုင်ချေအရှိဆုံးသော ကြောက်စရာကောင်းလှသည့်အရာအား တွေးမိသွား၏ - ငါတို့ရဲ့ ကျီကော ... အဲ့ဒီကောင်မလေးနဲ့ တိတ်တိတ်လေး ကြိုက်နေတာများ ဖြစ်နိုင်မလား ဟုတ်တယ်မို့လား။

ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ သိပ်မကြာသေးခင်ကမှ ကျီလင်းသည် 'နံပါတ်၁ အလိုချင်ဆုံး အမျိုးသားအနုပညာရှင်' အဖြစ် ရွေးချယ်ခံခဲ့ရသည်။ နေ့တိုင်း ဝေ့ပေါ် အောက်တွင် သူ့အား လက်ထပ်ချင်နေသော မိန်းကလေးအများအပြားမှာ အော်ဟစ်နေကြ၏။ ဒီလို နာမည်မရှိတဲ့ မော်ဒယ်လေးကို သူက ကြိုက်စရာလား။

ကျီလင်းမှာတော့ သူ့လက်ထောက်၏ အတွေးများကို သတိမထားမိပေ။ သူသည် မေးစေ့ကိုကိုင်ကာ တွေးနေရင်းမေးလိုက်သည်။ "<<ရှန့်ဟမ်>> သီချင်းဗီဒီယိုရဲ့ အမျိုးသမီးဇာတ်ဆောင်ရွေးပွဲက နောက်တစ်ပါတ်မလား။"

"ဟုတ်တယ် ဘာလို့လဲ။" ရှောင်အိုက်မှာ စိတ်ထဲ ရင်တကြွကြွဖြစ်နေရ၏။

ကျီလင်းသည် အလွန်တော်သော အဆိုတော်တစ်ယောက်အဖြစ် မွေးဖွားလာပြီး ကျော်ကြားသော အဆိုတော်များထဲမှ တစ်ယောက်ဖြစ်သည်။ လောလောဆယ်သူသည် ရုပ်ရှင်နှင့် ဇာတ်ကားလောကထဲ ခြေဆန့်နေသော်လည်း တစ်နှစ်တစ်ကြိမ်တော့ အယ်လ်ဘမ်တစ်ခု ထုတ်ပေးနေဆဲပင်။ ဒီတစ်ခေါက် အယ်လ်ဘမ်အသစ်အတွက် အပြင်အဆင်မှာ 'ကွဲပြားခြင်း'ဆိုသည့် ဆယ်ကျော်သက်တစ်ယောက်မှ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသည့်ကာလအတွင်းတွင် ကြုံတွေ့ရသော ရွေးချယ်မှုများနှင့် ရှုပ်ထွေးမှုများကို ဦးတည်ထားခြင်းဖြစ်သည်။ ထိုအရာသည် ကျီလင်းတစ်ယောက် သူကိုယ်တိုင်နှင့် ပရိသတ်များအတွက် လက်ဆောင်တစ်ခုအဖြစ် ရည်ရွယ်ထားတာဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီမှ ထိုအယ်လ်ဘမ်အား အလွန်အရေးထားပြီး အထူးသဖြင့် အဓိကသီချင်းဖြစ်သော ရှန့်ဟမ်၏ သီချင်းဗီဒီယိုရိုက်ဖို့ အတွက်ဆို ပိုလို့တောင် ‌အလေးထားလေသည်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now