လူရွေးပွဲ (၁)

Start from the beginning
                                    

"ဒါက မင်းပြောခဲ့တဲ့ လူသစ်လား" ကျောက်ရှင်းသည် ဒေါသထွက်နေသည့်အကြည့်နဲ့ ထောင်မုကို တစ်ချက်ကြည့်လိုက်ပြီး "သူက တကယ်ချောတာပဲ။ သူ့မှာ ချောမောတဲ့မျက်နှာ‌လေး တစ်ခုပဲရှိတာ မဖြစ်ဖို့ ငါမျှော်လင့်ပါတယ်။ ငါ့အဖွဲ့သားတွေကppt မဟုတ်ဘဲ တီဗီစီးရီးတွေရိုက်ဖို့ ဒီမှာလာနေကြတာ။"

ထိုနေရာ၌ ရှိနေသော နံပါတ် ၂ အမျိုးသမီးသည် ရှက်ရွံ့သွားသည့်ပုံစံဖြစ်နေသည်။

ကျောက်ခယ်ပင်းသည် ထောင်မု၏ ပုခုံးကို ငြင်သာစွာပွတ်သပ်ပြီး ရယ်မော၍ "ဒါရိုက်တာကျောက်ဆီ ဒါရိုက်တာချန် ပေးပို့ထားတဲ့ဗီဒီယိုကို မကြည့်ခဲ့ရ‌သေးဖူးနေမှာ။ ကင်မရာရှေ့မှာ ရှောင်မုရဲ့ သရုပ်ဆောင်နိုင်စွမ်းက ဘယ်လိုလဲဆိုတာကို ငါထပ်ပြောစရာတောင် မလိုဘူးရယ်။ အရင်က ထွက်သွားတဲ့ ဘဲတစ်ကောင်‌နေရာကို အစားထိုးဖို့လုံလောက်တယ် မဟုတ်လား? "

လုံလောက်သည်ထက်ကို သေချာသည်!

ကျောက်ရှင်းသည် ထောင်မု၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒါရိုက်တာချန်မှ သူ့ထံသို့ ပို့ပေးခဲ့သော ဗီဒီယိုဖိုင်ကို ပြန်သတိရမိသည်။ လူရွေးပွဲအတွင်းမှာ ထောင်မုသည် ဗီဒီယိုထဲမှာ သူ၏စွမ်းရည် ဆယ်ပုံတစ်ပုံကို ပြနိုင်မည်ဆိုလျှင်ပင် ဒီအခန်းသည် သူ့အတွက် မေးခွန်းထုတ်စရာတောင် မလိုပေ။

"ဝတ်စုံကို အရင်စမ်းကြည့်ရအောင်!" ယခုအချိန်တွင် ကျောက်ရှင်းသည် စိတ်ကောင်း၀င်နေသည့်အချိန်မဟုတ်ပဲ အရေးမပါသောစကားများကို ပြောမနေချင်ပေ။ ဟုတ်ပါသည်။ ပို၍အရေးကြီးသောအချက်မှာ ကျောက်ရှင်းသည် ထောင်မု၏ လက်ရှိအခြေအနေကို ဂရုတစိုက်ဆက်ဆံဖို့ မဖြစ်သေးတာပါပဲ။

ကျောက်ရှင်းသည် ထုတ်လုပ်ရေးလက်ထောက်ကို ခေါ်ရန် သူ့လက်ကို ဆန့်တန်းလိုက်ပြီး "ဟိုမှာ၊ မင်း သူ့ကို ဝတ်စုံဝတ်ဖို့ အဝတ်လဲခန်းထဲ ခေါ်သွား" ဟု ပြောသည်။ "တိမ်စိုင်ခရမ်းပြာ"တွင် ထောင်မုသည် ကောင်းမွန်စွာ သရုပ်ဆောင်ထားခဲ့သော်လည်း ကျောက်ရှင်းသည် ထောင်မု၀တ်စုံကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသေးသည်။ နောက်ဆုံးတွင် သရုပ်ဆောင်များစွာသည် အလွန်ချောမောသော်လည်း နည်းနည်းလိုအပ်နေသည့်သော စတိုင်များဖြင့်သာ မြင်တွေ့ရသည်။ ပြီးပြည့်စုံသော ဥပမာတစ်ခု‌ ပေးရမည်ဆိုလျှင်ရှေး‌ခေတ်၀တ်စုံကို ၀တ်ဆင်လိုက်သည့်အခါ အလွန် ကြောက်စရာကောင်းခြင်း သို့မဟုတ် ထူးဆန်းသည့်ပုံပေါက်နေသည့် သရုပ်ဆောင်များ ရှိပေသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now