ခွေးသွေးဝတ္ထုများထဲမှ ဇာတ်ပို့ အမျိုးသမီးများကဲ့သို့ပင် ကျိုးစစ်ယွီ၏ ရည်ရွယ်ချက်မှာလည်း ဇာတ်လမ်းအား တိုးတက်စေရန်နှင့် ဇာတ်လိုက်နှစ်ယောက်ကြားမှ ခလုတ်ကန်သင်းလေး ဖြစ်လာရန်ဖြစ်၏။ သူမသည် အရာအားလုံး ပိုင်ဆိုင်ထားရသော သူမ၏ ဖအေတူမအေကွဲ မောင်လေးအား မနာလိုပေ။ ထိုမနာလိုမှုသည် အားကောင်းစွာဖြင့် လက်တုံ့ပြန်လိုမှုအဖြစ် ပြောင်းလဲသွား၏။ ထိုအကြောင်းပြချက်ကြောင့် ကျိုးစစ်ယွီသည် မကောင်းတာမှန်သမျှ လုပ်ခဲ့လေသည်။ သူမသည် ကျီလင်း၏ အပြစ်ရှိစိတ်အား အခွင့်ကောင်းယူကာ သူ့ကို ပိပိရိရိသတ်ရန် ကြံစည်ခဲ့သည်။

ဒါပေါ့၊ ဇာတ်ပို့လေးရဲ့ အကြံအစည်ဆိုတာ ပေါ်ကိုပေါ်သွားရမှာပဲလေ။ သူမ၏အကြံအစည်များ ပေါ်သွားပြီးနောက် ကျိုးစစ်ယွီသည် လူများစွာ၏ အထင်အမြင်သေးခြင်း ဆဲဆိုခြင်းအား ခံခဲ့ရသည်။ ကျီလင်းသည် သူ့အစ်မအတွက် နောက်ဆုံးသော သက်ညှာမှုလေးမှာလည်း ကုန်သွားပြီဖြစ်သည်။ နောက်ဆုံးတွင် သူမသည် ဝဋ်လည်ကာ တုနှိုင်းမရတဲ့ အထီးကျန်သော သေဆုံးခြင်းမျိုးနဲ့ သေဆုံးခဲ့ရသည်။

ထိုအရာသည် စစ်ယွီရေးဖို့ မှန်းထားသော ဇာတ်ပို့လေး၏ အဆုံးသတ်ဖြစ်သည်။ စာဖတ်သူများသည် အရင်ကလိုပင် အေးအေးဆေးဆေးဖတ်ပြီး ဇာတ်ပို့လေးအား ရှုံ့ချအပြစ်တင်ကြရင်း ပြီးသွားမည်ဟု သူမ ထင်ခဲ့၏။ မထင်မှတ်ထားစွာပင် စာဖတ်သူအများစုသည် ထိုဇာတ်ပို့အား သဘောကျကြကာ သူမအခန်းအား အပိုရေးပေးရန် နေ့တိုင်းတောင်းဆိုကြသည်။

[Azmin] : ဖျားနေတဲ့ နူးညံ့တဲ့ အလှလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ငါတော့ စောက်ရမ်း ပေါက်ကွဲတော့မယ်။

[A flower in TangMen] : အဲ့ဒီဇာတ်ပို့လေးက သွေးအန်နေရင်းတောင် လျို့ဝှက်ကြံစည်နေတာကို မြင်ရတာ ဘာလို့လဲမသိ ငါ သူ့ကို ထောက်ပံ့ပေးချင်စိတ်ပေါ်လာပြီ ... ဒီလို ဆန့်ကျင်ဘက်ကောင်မလေးက ကြာပန်းဖြူစစ်စစ်ဖြစ်တဲ့ ဇာတ်လိုက်မ ရှုချင်းဝမ်ထက်တောင် ပိုကောင်းသေးတယ်။ အာ... ငါထင်တာတော့ မောင်နှမအတွဲလေးကလည်း လုံးဝ လက်ခံနိုင်ပါတယ်နော်။

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now