ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း

Start from the beginning
                                    

မုဟွားထင်သည် ထိတ်လန့်ကာ မကျေမနပ်ဖြစ်နေလျက် အော်ပြောလေသည် "ကျွန်တော့်ကို အပြစ်မတင်နဲ့။ ထောင်မုက ရည်ရွယ်ချက်ရှိရှိ ကျွန်တော့်ကို ခြောက်တာ"

ထောင်မုက နေရာတွင်ပင် မျက်နှာအမူအရာမရှိဘဲ ရပ်နေသည်။

အဖွဲ့တစ်ခုလုံးက လက်ပိုက်လျက် စိတ်ကုန်စွာ မျက်လုံးလှိမ့်လိုက်ကြသည်။ သူက အကုန်လုံးကို အကန်းတွေများ ထင်နေတာလား? ထောင်မု ဘာမှမလုပ်ခဲ့သည်က အသိသာကြီးလေ။ ဤအရာက မုဟွားထင်မှာ မကောင်းသည့်စရိုက်ရှိသည်သာမဟုတ်၊ အခြားသူအပေါ် အပြစ်လွှဲချတတ်သည့် ဆိုးရွားသောအကျင့်လည်းရှိသေးသည်ဟု မြင်ရစေသည်။

တစ်ဖွဲ့လုံးဆီမှ မေးခွန်းထုတ်ခံရသည့် မုဟွားထင်မှာ အတော်လေး နစ်နာသည်ဟု ခံစားရသည်။ သူက ထောင်မုမှာ အငြိုးထားပြီး ပက်စက်သည့်ရည်ရွယ်ချက်နှင့် ရိုက်နေတုန်း သေချာပေါက် အခွင့်အရေးယူကာ သူ့ကို ရိုက်မည်ဟု မလျှော့တမ်း အခိုင်အမာပြောသည်။ သူသာ အချိန်တိုင်း မြန်မြန်မပြေးနိုင်ခဲ့ဘူးဆို သည်အချိန်မှာ မြေကြီးထဲထိ ထောင်မု ထိုးတာ ခံနေရပြီ..ဟု

ချန်ယိချမ်က ဤထက်ပိုပြီး မုဟွားထင်၏ အရိုင်းဆန်သည့်စိတ်ကူးယဉ်မှုတွေနှင့်ခရီးမဆက်ချင်တော့။ ရိုက်ကူးရေးအခြေအနေမနှောင့်နှေးဖို့အတွက် နောက်ဆုံး သူနှာခေါင်းတစ်ချက်ဖိနှိပ်ကာ လူစားထိုးသုံးဖို့ မုဟွားထင်ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ရတော့သည်။

မုဟွားထင်သည် သက်မတစ်ခုရှိုက်လိုက်ပြီးနောက် wire suit ကို အလျင်မြန်ဆုံး ချွတ်တော့သည်။ သူက ထောင်မုကို စိုက်ကြည့်လိုက်ပြီး သဘောထားကိုပြသသည့်အနေဖြင့် မေးကိုမြှောက်လိုက်သည်။ မျက်နှာမှာ မာနကြီးမှုအပြည့်နှင့် "မင်းအခု ငါ့ကို ဘာလုပ်နိုင်သေးလဲ?" ဟု ပြောနေသလိုပင်။

မိစ္ဆာဂိုဏ်း၏ အမြောက်စာလေးတွေအဖြစ် သရုပ်ဆောင်ကြသည့် တမောက်နှင့် ရှောင်ဖန်းမှာ အလွန်ဒေါသထွက်နေကြပြီး မုဟွားထင်ကို အိတ်စွပ်ကာ နောက်ဖေးလမ်းကြားထဲဆွဲခေါ်၊ ချက်ချင်းရိုက်နှက်ဖို့ တရွရွဖြစ်နေလေသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now