တွေ့ဆုံခြင်း

2.5K 397 4
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၁၀ ။ တွေ့ဆုံခြင်း

မနက်စာ စားရင်းဖြင့် ထောင်မုသည် တမောက်နှင့် ရှောင်ဖန်းတို့အား ဖျော်ဖြေရေး Big V အကြောင်း အကြမ်းဖျင်းပြောပြခဲ့သည်။ သို့သော် သူသည် အများကြီး မပြောခဲ့ပါ။ ၂၀၀၈ခုနှစ်ရှိလူများသည် ဘလော့ဂ်များ၊ Tiebaနှင့်အခြားသော ဖိုရမ်များကိုသာ ကစားနေကြဆဲဖြစ်သည်။ Weiboသည် အခုမှ စတင်နေဆဲဖြစ်ပြီး WeChat သည် ယခုထိထွက်ပေါ်မလာသေးပေ။ ကိုယ်ပိုင်မီဒီယာများအားလုံးသည် မရှင်းလင်းသော အဆင့်တွင်သာရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် ကျန်နေသေးသည်။ အကြောင်းမှာ ကိုယ်ပိုင်မီဒီယာနှင့် ပတ်သတ်သော အတွေးအခေါ်ယူအဆများ မရှိသေးသောကြောင့်ဖြစ်သည်။ ထိုအခြေနေတွင် ထောင်မု ပြောသမျှသည် ခိုင်လုံခြင်းရှိမည်မဟုတ်ချေ။ ( TN တရုတ်နိုင်ငံတွင် ကိုယ်ပိုင်မီဒီယာဆိုသည်မှာ online platform များတွင် ကိုယ်ပိုင်သီးသန့် အသုံးပြုနိုင်သည့်  Weibo, WeChat နှင့် အခြားသောအရာများကို ဆိုလိုသည်။ )

သို့သော် စကားပြောဆိုနေသည့် ယောကျာ်းနှစ်ယောက်သည် အတင်းအဖျင်းပြောဆိုရန်သာ လှုံ့ဆော်လျက်ရှိသည်။ သူတို့သည် စိတ်အားထက်သန်စွာဖြင့် ထောင်မုအား တစ်မနက်ခင်းလုံး မေးခွန်းများမေးခြင်းဖြင့် နှောင့်ယှက်ခဲ့ကြပြီး ထောင်မု၏ အကြံပြုချက်အောက်တွင် အခုလက်ရှိ သူတို့၏ Weibo အမည်များကို ပြောင်းလဲခဲ့သည်။

"ညီလေးမု၊ ညီလေးမု မင်းကအရမ်းတော်တာပဲ။ မင်းငါ့အတွက် နာမည်ကောင်းလေး စဉ်းစားပေးနိုင်မလား? " ရှောင်ဖန်းသည် ကွန်ပျူတာကိုင်ပြီး ထောင်မုအားပြုံး၍မေးခဲ့သည်။

ထောင်မုသည် ခဏမျှ စဉ်းစားလိုက်ပြီး " မန်လင်"ဆိုပြီး ရှောင်ဖန်း၏ Weiboနာမည်အား ပြောင်းခဲ့သည်။

ရှောင်ဖန်း "....... "

" ဒါကြီးက ဘယ်လိုနာမည်ကြီးလဲ နာမည်ကရိုးရှင်းမနေဖူးရယ်။ ငါမကြိုက်ဘူး။ ငါ့အတွက် ပြန်ပြောင်းလိုက်ပါနော် "

" မင်းတကယ် မကြိုက်ဘူးလား ? " ရှောင်ဖန်းသည် အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသည့်အတွက် ထောင်မု အတော်လေး နောင်တရသွားသည့်ပုံ ဖြစ်သွားသည်။ ထိုကဲ့သို့သော အံ့ဖွယ်နာမည်တွင် ဆန်းကြယ်မှုများနှင့် လူများ၏ ဉာဏ်ပညာကြွယ်၀မှုများပါ၀င်သည် ဖြစ်သည်။ နောက်နှစ်များတွင်  " ပါဆယ်ပို့သူများ" ဟုသည့် နာမည်များနှင့်တောင် ယှဉ်လာနိုင်သည်။ ထောင်မု သည် သူငယ်ချင်း၏ ပြန်‌ပြောင်းပေးရန်တိုက်တွန်းမှုအောက်တွင် Weibo နာမည်ပြောင်ကို ပြောင်းပေးခဲ့သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now