တွေ့ဆုံခြင်း

Start from the beginning
                                    

"အရှေ့ပိုင်းဖရဲသီး! "

ရှောင်ဖန်း သူ၏မေးစေ့ကို ခဏမျှ ပွတ်လိုက်ပြီး ထိုနာမည်သည် မဆိုးပါဖူးဟု တွေးထင်ခဲ့သည်။ အနည်းဆုံးတော့ သူ့အတွင်းစိတ်၏ နက်နဲမှုနှင့် ရည်မှန်းချက်တွေကို အနည်းငယ်ထင်ဟပ်စေပါသည်။

" ငါ့အတွက်ကရော ဘယ်မှာလဲ? " ဟု တမောက်သည် စိတ်၀င်တစားဖြင့်မေးခဲ့သည်။

ထောင်မုသည် နာမည်ကို စဉ်းစားစရာတောင်မလိုပဲ" အိမ်မှာမိုင်တွင်းရှိတဲ့သခင်ငယ်လေး" ဟု ကွန်ပျူတာထက်တွင် ပြောင်းရေးခဲ့သည်။

တမောက်သည် ထိုနာမည်မှာ သူ၏ တိတ်တဆိတ်နေတတ်သည့်ပုံ။ တိကျပြီး အဓိပ္ပာယ်ရှိစွာ ပြုမူပုံကို ‌ထင်ဟပ်စေသည့်အတွက် အလွန် ‌ကျေနပ်ခဲ့သည်။

သို့သော် သူတို့၏ အမိုက်စားနာမည်များပြောင်းလဲနေခဲ့သည့်အတွက် နောက်ကျနေပြီဖြစ်သည်။ သုံးယောက်သားသည် ၀န်ထမ်းများရှိရာသို့ အမြန်ပြေးသွားခဲ့သော်လည်း သူတို့အိမ်မှ ထွက်ခွာပြီး မကြာခင် မိုးသည် သည်းထန်စွာရွာသွန်းခဲ့သည်။ မိုးစက်များနှင့် လေပြင်းများ ပြင်းထန်စွာတိုက်ခတ်လာပြီး သူတို့သုံးယောက်ပုံသည်လည်း ရေစိုနေသော ကြက်ပေါက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထောင်မု အိမ်မှ ၀န်ထမ်းများရှိရာသို့ သွားသည့်အချိန်တွင်သာ မိုးသည် ပြက်းထန်စွာရွာသွန်းခဲ့ပြီး ထို့နောက်တွင် တိတ်သွားခဲ့သည်။ တစ်စက်မှ အလဟဿ မဖြစ်စေလိုက်ရပါဖူး။

ထိုကဲ့သို့သော ကံမကောင်းသည့်အဖြစ်နှင့် တွေ့လိုက်ရသောအခါ  ထောင်မုသည် အနည်းငယ် စိတ်မသက်မသာဖြစ်သွားရသည်။ ရှန်းမိသားစုဆီသို့ ပြန်လာပြီးနောက်တွင် သူသည် ရှန်းယွီ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် မရုန်းထွက်နိုင်ခဲ့သည့်အတွက် ဆိုးရွားစွာနေထိုင်ခဲ့ရပုံကို ပြန်၍အမှတ်ရစေသည်။

မျော်လင့်ထားသည့်အတိုင်း  ထောင်မု ၀န်ထမ်းဆီသို့ ၀င်သွားလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး ၀န်းရံနေသော ရှန်းယွီနှင့် ရှန်းယွီ၏ နောက်ကျောဖက်တွင် ရှန်းမိသားစုသည် အဖော်လိုက်ပါလာခဲ့သည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now