သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်

Start from the beginning
                                    

" မင်းအိပ်မပျော်ဘူးဆိုလည်း ထလိုက်တော့။ ဒီနေ့ အောက်ထပ်ကိုသွားပြီး လူရွေးပွဲသွားဖို့စောင့်နေရမလား? "   ထောင်မု သည် ဖိနပ်ကိုစီးပြီး ရေချိုးခန်းထဲသို့၀င်သွားခဲ့သည်။ ဆေးကြောသန့်စင်ပြီးနောက် သူသည် မီးဖိုချောင်သို့ ၀င်သွားခဲ့ပြီး ရေခဲသေတ္တာထဲမှ ကြက်ဥအချို့ယူ၍ နွားနို့ဗူးကို ကောင်တာပေါ်သို့ တင်လိုက်သည်။

တမောက်သည် သူ၏ မျက်လုံးပိတ်၍ ပြန်အိပ်ရန် ကြိုးစားခဲ့သည်။ အပြင်ဖက်မှ အသံများ ဆူညံနေသည့်အတွက် အရမ်းစိတ်ညစ်စရာကောင်းခဲ့သည်။ သူအိပ်ဖို့ကြိုးစားလေ ပိုပြီး အိပ်မရဖြစ်လေ ဖြစ်ခဲ့သည်။ ထို့ကြောင့်သူသည် စိတ်တိုစွာနှင့် ထထိုင်လိုက်ပြီး " ငါတို့က လူရွေးပွဲကို ဘာလို့စောင့်နေရမှာလဲ။ တိမ်စိုင်ခရမ်းပြာမှာ ငါတို့က အရံသရုပ်ဆောင်အဖြစ် ရှိသေးတာပဲ။ ဖက်တီးလျှို့တောင်မှ ငါတို့ကို အဝေးမလွှတ်ရဲပဲနဲ့များ။ တကယ်လို့ အဝေးလွှတ်ခဲ့မယ်ဆိုရင် ငါသေချာပေါက်သူ့ကို လွှတ်ထားမှာမဟုတ်ဖူး "

ထောင်မုသည် နွားနို့အိုးထဲသို့ နွားနို့ကို ထည့်လိုက်ပြီး မီးဖွင့်လိုက်သည်။ " တိမ်စိုင်ခရမ်းပြာမှာ အလုပ်မလုပ်ချင်တော့ဘူးဆိုတာကို မင်းကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဖူးလား ? "

" ငါတို့က အဲ့ဒီက အမှုဆောင်တွေကို ဒေါသထွက်ခဲ့ရုံပါ။ ‌ရင်းနှီးမြုပ်နှံသူတွေကို စိတ်ကျေနပ်စေဖို့ သူတို့ကမင်းကို အပြစ်ယူဖို့ တွန်းအားပေးခဲ့ကြတာမလား။ ဒါပေမယ့် မင်းက ထွက်သွားမှာမဟုတ်ဘူး။ ငါတို့နှစ်ယောက် ထွက်သွားမယ်ဆိုရင် မင်းတစ်ယောက်တည်း ကျန်တော့မှာလေ။ ငါတို့က ဘယ်လိုလုပ် အာ့လိုအဖြစ်ခံနိုင်မှာလဲ! " အိပ်ရာပေါ်တွင် တင်ပျဉ်ခွေကာ အားကြိုးမာန်တက်နှင့်ပြောခဲ့သည်။ " ငါတို့သုံးယောက် တူတူရှိရမယ်။ ၀င်သည်ဖြစ်စေ ထွက်သည်ဖြစ်စေ ဒါမှမဟုတ် ရှေ့တိုးသည်ဖြစ်စေ နောက်ဆုတ်သည်ဖြစ်စေ  တူတူလုပ်ကြမယ် "

" ဒါက ရင်းနှီးမြုပ်နှံသူပဲ မဟုတ်လား! "

တမောက်သည် ထိုသို့ကြားသောအခါ အလွန်စိတ်တိုသွားပြီး  ထောင်မု၏နောက်ကို ခွေးကြီးတစ်ကောင်ကဲ့သို့ လိုက်သွားခဲ့သည်။ သူသည် စိတ်ရှုပ်စွာဖြင့် " ညီလေးမု ငါတကယ်ကို အလေးနက်ထားပြီးပြောမယ်။ ဘယ်လိုလဲ အလုပ်သမားကို ငါတို့ဘာသာ ရှာကြမယ်လေ။ မင်းဘယ်လိုဇာတ်လမ်းကို ကြိုက်လဲဟင်။ ငါ့အဖေကို ဖုန်းဆက်ပြီး အာ့တာကို ရင်းနှီးမြုပ်နှံခိုင်းလိုက်မယ်။ မင်းကို နံပါတ်တစ် ခေါင်းဆောင်အဖြစ်ထားပြီး ငါနဲ့ ရှောင်ဖန်းတို့က နံပါတ်နှစ်နဲ့ သုံး လုပ်ကြမယ်လေ။ ပြီးရင် ရုပ်ရှင်ကျောင်းကို သွားပြီး လှပတဲ့မိန်းကလေးအချို့ကို သွားရှာကြမယ်။ နောက်တစ်ခါ အဖက်ဖက်က ထပ်ပြီးမီးကျည်နဲ့ပစ်လာရင်တောင် ငါတို့ကိုယ်တိုင် ရုပ်ရှင်ရိုက်ပြီး ပိုက်ဆံရှာကြမယ်"

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now