လုစုဝေအလှည့်ရောက်လာလေတော့သည်။ လူတိုင်းသူ့အားကြည့်နေကြပြီး အဝါရောင်နဲ့လိမ္မော်ရောင်အမြစ်များကြောင့်ပျင်းနေသောလူလတ်ပိုင်းလူကြီးသည်ပင်အနည်းငယ်စိတ်ဝင်စားသည့်ပုံမြင်ရလေသည်။

လုစုဝေသည်အတွင်းအားကျောက်တုံးကြီးဆီသို့လျှောက်သွားပြီးသူ၏လက်ကိုကျောက်တုံးပေါ်တင်လိုက်လေသည်။

ချက်ချင်းပင်အစိမ်းရောင် အစကလေးပေါ်ပေါက်လာပြီး စက္ကန့်ပိုင်းအတွင်းကျောက်တုံးတစ်ခုလုံးကိုလွမ်းခြုံသွားလေသည်။

"အစိမ်းရောင်အတွင်းအားအမြစ်၊ မဆိုးဘူးပဲ" လူလတ်ပိုင်းလူကြီးသည်လုစုဝေအားကျေနပ်စွာဖြင့်ကြည့်လေသည်။

အစိမ်းရောင်အတွင်းအားအမြစ်သည် ရှားပါးလေသည်။ အစိမ်းရောင်အတွင်းအားအမြစ်ရှိသောသူများသည် အပြင်ဂိုဏ်းတွင်လေ့ကျင့်သင့်ကြားခြင်းခံယူပြီးနောက်အတွင်းဂိုဏ်းထဲသို့ အားလုံးဝင်နိုင်လေသည်။ လုစုဝေသည်သူ၏အစိမ်းရောင်အတွင်းအားအမြစ်ဖြင့် အတွင်းဂိုဏ်းတပည့်ဖြစ်လာဖို့မျှော်လင့်ထားကြလေသည်။

လုစုဝေသည်အနည်းငယ်ပြုံးလိုက်သည်။ လူတိုင်းသူ့ကိုလေးစားအားကျစွာဖြင့်ကြည့်နေကြချိန်တွင်သူသည် ခေါင်းကိုမော့လိုက်ပြီးအနောက်ဆုတ်လိုက်လေသည်။

"ငါထင်တာကတော့ လုစုဝေကပြိုင်စံရှားကောင်းကင်မင်းဆက်က ဆိုတော့သေချာပေါက်ဂိုဏ်ဝင်ခွင့်ကိုအောင်မြင်နိုင်မှာပဲ"

"ငါလည်းသဘောတူတယ်။ အဲ့အစိမ်းရောင်အတွင်းအားအမြစ်နဲ့ဆိုသူကထူးချွန်နေမှာ။ တကယ်လို့တခြားစစ်ဆေးမှုတွေမှာ ထင်ထားတာနဲ့မကိုက်ညီခဲ့ရင်တောင်သူ့အတွင်းအားအမြစ်ကြောင့် ဂိုဏ်းထဲဝင်ခွင့်ရလိမ့်မယ်"

အတွင်းအားအမြစ်ကို စစ်ဆေးပြီးသွားသောသူများသည်သူ့အား အားမကျပဲမနေနိုင်ကြတော့ပေ။

ဂိုဏ်းဝင်ခွင့်စစ်ဆေးခြင်းသည် အဆင့်များစွာရှိလေသည်။ အမှားတစ်ခုခုလုပ်မိပါကကျရှုံးမည်ဖြစ်လေသည်။ သို့သော်လည်းအစိမ်းရောင်အတွင်းအားအမြစ်သည်အခြားသောစစ်ဆေးခြင်းများတွင် လုပ်မိလောက်သောအမှားများကိုကာကွယ်ပေးနိုင်သည့် အာမခံချက်အဖြစ်ရှိနေပေမည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now