အအေးမိသွားပြီ

Start from the beginning
                                    

ဆွဲဆောင်မှုရှိသော လှုပ်ရှားမှုတစ်ခုချင်းစီကို စိုက်ကြည့်နေသည့်  လော့ယန်သည် နှုတ်ခမ်းများခြောက်သွေ့လာပြီး ရီဝေနေသော အသံဖြင့် " ကျစ် အရမ်းပူတာပဲ" လို့ပြောခဲ့သည်။

လော့ယန်၏ ဆွဲခေါ်ခြင်းခံခဲ့ရသော လီရှောင်းဟန်သည်လည်း တဟုန်ထိုး တက်လာသော လူအုပ်ကြီးထဲတွင် ရပ်နေခဲ့သည်။ စင်ပေါ်တွင် ချောမောသော ကောင်လေးသည် သူ၏လက်မောင်းများနှင့် ဆွဲဆောင်မှုရှိသော ကောင်မလေးကို ပွေ့ဖက်၍ကနေရင်း လူအုပ်ကြီးကိုလည်း ကျီစားနေပုံကို ကြည့်နေရင်းနှင့် လီရှောင်းဟန်၏ မျက်လုံးများသည် တဖြည်းဖြည်း မှောင်မိုက်လာသည်။

သီချင်းပြီးဆုံးသည့်အခါ ထောင်မုသည် အတူတူကခဲ့သော ကောင်မလေးမှ ဆက်သွယ်ဖို့အချက်အလက်ကို တောင်းဆိုလာခဲ့သည်ကို ငြင်းပယ်ပြီး စင်အောက်သို့ ဆင်းလာခဲ့သည်။ ထိုစဉ် ရုပ်တရပ်ပဲ သူသည် လော့ယန်၏ တားမြစ်ခြင်းခံလိုက်ပြီး " ကိုယ်မင်းအတွက် ဒကာခံပေးပါရစေ, ဘယ်လိုလဲ "

ထောင်မု၏ မျက်လုံးသည် မှေးကျဉ်းသွားပြီး ခပ်ထေ့ထေ့ရယ်နေခဲ့သည်။

ချက်ချင်းဆိုသလိုပင်  လော့ယန်သည် ရှက်ရွံ့မှု အနည်းငယ်ကို ခံစားလိုက်ပြီး " အဲ့ဒါကို မင်းဘယ်လိုသဘောရလဲ ငါ့ကောင်မလေးကို ခိုးသွားတဲ့အတွက်လည်း မကျေနပ်တာမရှိပါဘူး။ အခုက ငါမင်းနဲ့ သူငယ်ချင်းဖြစ်ချင်ရုံတင်ပါ။ မင်းနာမည်ကြီး ကြယ်ပွင့်တစ်ယောက်မဖြစ်ချင်ဖူးလား? တကယ်လို့ ငါနဲ့သူငယ်ချင်းဖြစ်သွားမယ်ဆိုရင် ငါမင်းကို ကူညီပေးနိုင်လိမ့်မယ်! " လို့အော်ပြောခဲ့သည်။

ထောင်မု သောက်ထားသည်မှာ အရမ်းများနေသည်။ အရက်၏လှုံ့ဆော်မှုနှင့် ပတ်၀န်းကျင်လေထုကြောင့် “မင်းကောင်မလေးကို ခိုးရမယ်? အိပ်မက်သာမက်နေလိုက်! ဘယ်သူကများ မင်းကောင်မလေးကို ခိုးမှာလဲ! သတိမပြုပဲနေရင်တောင်မှ မင်းငါးစာချတယ်ဆိုတာ အရမ်းသိသာလွန်းနေတယ်။ မင်းကအရူးလား? "

ထောင်မုသည် အရင်ဘ၀က ပြောခဲ့သည့်အတိုင်း အခုလည်း ထပ်ပြောခဲ့သည်။ " မင်းရဲ့နောက်ခံမိသားစုကြောင့် ငါပြန်မလုပ်နိုင်ခဲ့ဖူးဆိုတောင်မှ မင်းလိုလူမျိုးကို တစ်နေ့ 8ကြိမ်လောက် ရိုက်ပစ်ချင်နေတာသိလား ယုံတာမယုံတာကတော့ မင်းအပိုင်းပဲ ဘယ်သူက မင်းလို အိုင်ကျူရှိတဲ့လူနဲ့ သူငယ်ချင်းဖြစ်ချင်မှာလဲ "

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now