ဟန်ချန်းမင်သည် "ဒီအတွင်းအားအမြစ်ကပိုပြီး အဆင့်မြင့်လာနိုင်တယ်"ဟုတဖြေးဖြေးပြောလေသည်။

နတ်ဆိုးနှလုံးသား၏အကူအညီဖြင့် ပေါက်လာသောအတွင်းအားအမြစ်မှာ သာမန်အတွင်းအားအမြစ်များနှင့်တူဘဲ အလွန်ကွဲပြားခြားနားလေသည်။ အနက်ရောင်ဘောလုံးကလေးသည် နတ်ဆိုးနှလုံးသား၏အစွမ်းကိုအသုံးချပြီး ယဲ့ကျင့်ထန်အတွင်းအားအမြစ်အသစ်ပေါက်ရန် ကူညီပေးခဲ့သည်။

သို့သော်လည်းအနက်ရောင်ဘောလုံးလေးသည် နတ်ဆိုးနှလုံးသား၏တက်စွမ်းနိုင်သောအရာများကို သေသေချာချာနားမလည်ပေ။ ထို့ကြောင့်အတွင်းအားအမြစ်အသစ်ပေါက်လာသော်လည်း ထိုအမြစ်မှာအစွမ်းမြင့်ထားခြင်းမရှိပေ။
(Tn-ကလေးကလုပ်ပေးချင်တာဘဲသိတာ။
ကောင်းမကောင်းမသိဘူးရယ်)

သို့သော်လည်းဒီအတွင်းအားအမြစ်သည် သာမန်မဟုတ်ပဲထိုအမြစ်၏အစွမ်းများမှာ အတွင်းအားလေ့ကျင့်ခြင်းနှင့်အတွင်းအားဖြည့်စွက်မှုများပြုလုပ်ခြင်းတို့အားဖြင့် အဆင့်ကိုမြင့်မားလာအောင်မြင့်တင်လို့ရလေသည်။ ယခုတွင်အနီရောင်အဆင့်သာရှိသော်လည်း မှန်ကန်သောအတွင်းအားဖြည့်စွက်မှုများပြုလုပ်ပါက အနာဂတ်တွင်ယဲ့ကျင့်ထန်၏ မူလအစိမ်းရောင်အမြစ်မဆိုထားနှင့် အပြာရောင်အဆင့်၊ခရမ်းရောင်အဆင့်အထိပါ တိုးတက်လာနိုင်စွမ်းရှိလေသည်။

ယဲ့ကျင့်ထန်သည်ဟန်ချန်းမင်၏စကားကို ကြားသောအခါအံ့သြသွားလေသည်။သူမရဲ့အတွင်းအားအမြစ်က ပိုအဆင်မြင့်လာနိုင်တယ်?!!

ကမ္ဘာပေါ်ရှိအတွင်းအားအမြစ်များအားလုံးသည် ပေါ်ပေါက်လာပြီးသည့်အချိန်မှစ၍ထပ်မံ၍ အဆင့်မမြင့်လာနိုင်ကြပေ။ လူတိုင်း၏အတွင်းအားအမြစ်များသည် သူတို့ကိုယ်ထဲတွင်ပေါ်ပေါက်လာသည့်အချိန်မှစ၍ ပြောင်းလဲ၍မတော့ပဲ ရှာရအလွန်ခက်သောအဖိုးတန်ရှားပါးပစ္စည်းအချို့တို့ဖြင့်အင်အားဖြည့်စွက်နိုင်ပြီးအနည်းငယ်ကြီးထွားစေနိုင်လေသည်။ သို့သော်လည်းသူဘာသာကြီးထွားအဆင့်မြင့်နိုင်သော အတွင်းအားအမြစ်ဆိုသောအရာအား မည်သူမျှမကြားဖူးပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now