Chapter33

193 34 2
                                    

ယန်ဟွေ့ ရေမဏ္ဍန်က‌နေထွက်လာခဲ့တယ်။ထျန်းယောင်က မြို့တော်ဝန်အိမ်ဘယ်မှာရှိလဲဆိုတာ မသိတာ ရုတ်တရက်သတိရသွားတာ‌ကြောင့်။

သူ့နောက်လိုက်ဖို့ ဝမ်ယုလောင်ကနေ အမြန်ထွက်လာခဲ့တယ်။ဒါပေမယ့်ထွက်လာချိန်မှာ, ထျန်းယောင်က သူမကို အပြင်မှာစောင့်နေတာတွေ့လိုက်တယ်။လက်နှစ်ဖက်ကို နောက်ပစ်ပြီး လမ်းမဘက်ကို မျက်နှာမူထားတယ်။

တိကျတဲ့အခိုက်အတံ့မှာပဲ, နေရောင်က ဖြာကျလာတယ်။အဲ့တာက ထျန်းယောင်ရဲ့ နဂိုထဲက သေးသွယ်တဲ့ပုံသဏ္ဍာန်ကို အလွန်မြင့်ပုံသွားစေတယ်, ဒါမှမဟုတ်ဖြစ်နိုင်တာ သူရဲ့နဂါးအရိုးတွေရှာတွေ့ပြီးတော့, အနည်းငယ်ထွားလာတာ....

အဲ့ခဏမှာ, သူမရဲ့ကိုယ်ပိုင်နှလုံးသားက ပြင်းပြင်းထန်ထန်ထပ်ခုန်တာ ကြားလိုက်ရတယ်, "ဒုတ်, ဒုတ်"။ ယန်ဟွေ့ခေါင်းခါလိုက်ပြီး ရင်ဘတ်ကို တင်းကျပ်စွာ ရိုက်လိုက်တယ်။"ပြသာနာမရှာနဲ့လေ။ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထား," သူမကပြောတယ်။ယန်ဟွေ့က အနည်းငယ်အသက်ပြင်းပြင်းရှုလိုက်ပြီး ဖြည်းဖြည်းချင်းရှေ့ကို လျှောက်သွားလိုက်တယ်။ "မြို့တော်ဝန်အိမ်က ဒီဘက်မှာ။ဖက်တီးက ငကြောက်တစ်ယောက်ပဲ။မင်း သူ့ကိုကြောက်အောင်လုပ်လိုက်ရင်, အိမ်ကို ပြေးမှာသေချာတယ်...."

ယန်ဟွေ့ ကရှေ့ကို ခြေလှမ်းကျဲကျဲလျှောက်လိုက်တယ်။ထျန်းယောင်ကို ကြည့်ဖို့ ခေါင်းလှည့်လိုက်တဲ့အခါ သူကမျက်နှာတစ်ဝက်ဖုံးထားတဲ့မျက်နှာဖုံးတစ်ခုဝတ်ထားတာ မြင်လိုက်တယ်။သူမ ကြက်သေသေသွားတယ်။

မျက်နှာဖုံးနောက်က မျက်လုံးတွေက လှမ်းကြည့်တယ်။ထျန်းယောင်က ယန်ဟွေ့ကို စိုက်ကြည့်လိုက်တယ်။သူက အကြမ်းဖျင်းရှင်းပြလိုက်တယ်: "ဒီလိုအခြေအနေမျိုးမှာ, ငါ မင်းကို ဒီလိုနည်းလမ်းနဲ့ပဲစကားပြောလို့ရမယ်။လမ်းပြ"

ဒါပေမယ့် ယန်ဟွေ့က ခြေလှမ်းနှစ်လှမ်းနောက်ပြန်ဆုတ်သွားတယ်။မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ပြီး လက်ချောင်းတွေကြားကနေ ထျန်းယောင်ကို ချောင်းကြည့်တယ်: "မျက်နှာဖုံးကို အမြန်ချွတ်လိုက်!ချွတ်လိုက်,ချွတ်လိုက်!"

Heart ProtectionWhere stories live. Discover now