Chapter46

181 26 0
                                    

ယန်ဟွေ့ အပြင်မှာ အခြေအနေဘယ်လိုဖြစ်‌နေလဲမသိဘူး။သူမရဲ့တစ်ခုတည်းသောအတွေးက Feng Mingနောက်ကိုလိုက်ပြီး သူလွတ်‌‌မြောက်ကာသူတို့ကိုနောက်ကျောဓားနဲ့ထိုးတာကနေ ကာကွယ်ရန် သတ်ဖို့။

သူမနှလုံးသားထဲက နွေးထွေးမှုက ပိုပိုကြီးထွားလာတယ်။အချိန်ဘယ်လောက်ကုန်သွားလဲမသိဘူး, အဲ့နွေးထွေးမှုက သူမခန္ဓာကိုယ်ကိုဖြတ်ပြီး ခြေလက်တွေထဲဝင်သွားတယ်။ယန်ဟွေ့က သက်သာရာရစွာသက်ပြင်းချလိုက်တယ်။သူမနောက်ဆုံးတော့ လှုပ်လို့ရပြီ။

ယန်ဟွေ့ နောက်လှည့်ကြည့်လိုက်တယ်။ထျန်းယောင်က မျက်လုံးမှိတ်လျက် ရပ်နေတုန်းပဲ။တကယ်တော့မနေ့ညလပြည့်ထဲက, ထျန်းယောင်မျက်နှာက နေမကောင်းလို့ပြာနေတဲ့ပုံရှိတယ်။အဲ့တာက သူက အေးခဲပြီးတဲ့အတိုင်းပဲ။ဒါပေမယ့်အခု, သူ့မျက်နှာက အရင်ကထပ်သွေးရောင်လွှမ်းလာပြီ။

သူက အဲ့နေရာမှာ တည်တည်ငြိမ်ငြိမ်ရပ်နေတယ်။သူ့ခန္ဓာကိုယ်ထဲက အရောင်အဝါကို အာရုံခံနေတာလား ဘဝကိုတွေးဆနေတာလား မသေချာဘူး။ယန်‌ဟွေ့က သူအဆင်ပြေတယ်ဆိုတာသာ သိဖို့လိုအပ်တယ်။ပြီးတော့ လိုက်ဖမ်းဖို့ နောက်လှည့်လိုက်တယ်။

Feng Mingက လူရှုပ်တဲ့နေရာကို ပြေးနိုင်ခဲ့ရင်, ဒါဆို ချန်ရှင်းတောင်မှော်ပညာကို ယန်ဟွေ့သုံးလို့မရဘူး...

အဲ့တာကို တွေးရင်း, ယန်ဟွေ့ မည်း‌မှောင်စွာခေါင်းငုံ့ပြီး ပြေးထွက်လိုက်တယ်။ဒါပေမယ့်အဲ့အခိုက်အတံ့မှာ, မထင်မှတ်ပဲ တံခါးဝမှာ ရပ်နေတဲ့သူတစ်ယောက်ကို ပြေးတိုက်မိသွားတယ်။အဲ့လူက သက်ရောက်မှုကြောင့် ယိုင်သွားပြီး ခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်သွားတယ်။

ယန်ဟွေ့က တောင့်သွားတယ်, ဒါပေမယ့်အဲ့နောက် အသံတစ်ခုက: "ဘာတွေအလျင်လိုနေတာလဲ?" ပြောတာ ကြားလိုက်ရတယ်။ယန်ဟွေ့စိုက်ကြည့်လိုက်တယ်။ဖုန်ချန့်ရှောန်ပဲ။သူမဆီက ချက်ချင်းပိတ်လှောင်ထားတဲ့အသက်ရှူသံတစ်ခု ထွက်လာတယ်။Feng Mingရတဲ့ဒဏ်ရာတွေနဲ့ဆို,ဖုန်ချန့်ရှောန်နဲ့ ကြုံပြီးနောက် အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

Heart ProtectionWhere stories live. Discover now