Chapter7

371 49 1
                                    

Edited By Ray🍓
Yan Hui တကယ့်ကို အထိတ်တလန့်နဲ့ သူမအပေါ်ကလူကို ကြည့်လိုက်တယ်။ သူမ မျက်စိစွေသွားလုမတတ်ပဲ။

အချိန်ကြာပြီးနောက်မှာ, အရမ်းထိတ်လန့်နေတဲ့စိတ်က ပျောက်သွားတယ်, ပြီးတော့ အသိစိတ်ပြန်ကပ်လာတယ်။အံတင်းတင်းကြိတ်လိုက်ပြီး ရုန်းလိုက်တယ်။ ဒါပေမယ့်, A'Fuက အရမ်းသန်မာလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ သူက Yan Huiကို သူ့ရင်ခွင်ထဲမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားတယ်, ခိုင်မြဲစွာ ဖမ်းချုပ်နေတယ်။ ဒီပါးလွှာပြီး အားနည်းနေတဲ့လူငယ်ရဲ့အားအင်က ရှင်ခြင်းနဲ့သေခြင်းကြားက နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသလိုပဲ။ အဲ့အားက သူမ ခုခံအားကို အချည်းနှီးဖြစ်စေတယ်။

သူမ အတင်းရုန်းကန်နေရင်းအချိန်မှာ A'Fuရဲ့သွားက ကိုက်ချတာခံလိုက်ရတယ်။ Yan Hui ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး သူမရဲ့နှုတ်ခမ်းတွေကြားမှာ သွေးနံ့တွေ ပြည့်သွားတယ်

"နာတယ်!" ယန်ဟွေ့ လည်ချောင်းကနေ ပလုံးပထွေးအော်လိုက်တယ်။

ဒါပေမယ့်, သွေးနံ့ကို ရှူရှိုက်မိလိုက်တဲ့အခါ, A'Fuကို လှုပ်နှိုးလိုက်သလိုပဲ။ ကိုက်ထားတဲ့သွား‌တွေ လွှတ်လိုက်ပြီး Yan Huiရဲ့ နှုတ်ခမ်းထောင့်က ဒဏ်ရာကို အတင်းစုပ်လိုက်တယ်။ အဲ့လုပ်ရပ်က A'Fuရဲ့ ကိုက်ခြင်းကို လုံး၀ အနမ်းအဖြစ်သို့ ပြောင်းလဲသွားစေခဲ့တယ်။

သူက သွေးပဲစုပ်နေတာပေမယ့် Yan Huiဖို့ အမျက်ဒေါသထွက်ဖို့ လုံလောက်စေခဲ့တယ်။ ဝါးစားရတဲ့အရုပ်‌တချို့လို အကိုက်ခံရတာ လျစ်လျူရှုနိုင်ပေမယ့်, ဒီဟာက ဘယ်လို အခြေအနေကြီးတုန်း?!

အခွင့်အရေးယူရန် ရှိခဲ့လျှင်ပင်, အခွင့်အရေးယူတာက သူမပဲ ဖြစ်သင့်တာ‌ပေါ့။

ဒီကောင်စုတ်.....

Yan Hui ‌ဒူးကွေးလိုက်ပြီး သူမရဲ့အားတွေအကုန်လုံးကို A'Fuရဲ့ ဗိုက်နဲ့ခါးကို တွန်းဖို့ သုံးလိုက်တယ်, သူ ထထိုင်အောင် တွန်းဖယ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့မျက်နှာကို ထိုးလိုက်တယ်။ သူက ခဏတာတော့ အံ့အားသင့်သွားသလိုပဲ။ သူ့ရဲ့ ခေါင်းက ဘေးကိုစောင်းသွားတယ်။

Heart ProtectionWhere stories live. Discover now