Chapter47

226 29 0
                                    

ယန်ဟွေ့က တစ်ညလုံးအိပ်ရာပေါ်မှာလှဲနေခဲ့တယ်။ဗိုက်ထဲကနာကျင်မှုက နည်းနည်းသက်သာလာနေပြီ။နောက်တစ်နေ့မနက်မှာ, သူမ ပေါက်စီတစ်ခုလုံးစားခဲ့တယ်။ဒါပေမယ့် ဒုတိယတစ်လုံးစားတော့မယ့်အချိန်မှာ, အလျင်အမြန်ပါးစပ်ကို ကာလိုက်တယ်။ပြေးသွားပြီး,တစ်ဝက်ကွေးကာ ဘေဇင်ကြီးတစ်ခုမှာ ချက်ခြင်း အန်လိုက်တယ်။

ယန်ဟွေ့ ဗိုက်က တွန်းထုတ်နေသလိုခံစားရတယ်။

တံခါးဖွင့်သံနဲ့အတူ အခန်းတံခါးကပွင့်လာတယ်။ထျန်းယောင်ပဲ။ဘေးအခန်းကနေ သူမ လှုပ်ရှားမှုတွေကို ကြားလိုက်တယ်။သူက ယန်ဟွေ့က နံနက်ခင်းဖျားနာနေသလို ပျို့အန်နေတာ တွေ့လိုက်ရတော့ မျက်မှောင်ကြုံ့လိုက်ပြီး: "ဘာဖြစ်တာလဲ?"

"ငါ့ကို စကားပြောရအောင်မလုပ်နဲ့" ယန်ဟွေ့က အန်ပြီးသွားပြီ။ဗိုက်ကို ဆုပ်ကိုင်ရင်း ကြမ်းပြင်ပေါ်ကို အားနည်းစွာ ထိုင်ချလိုက်တယ်။ "ဗိုက်နာတယ်"

ထျန်းယောင်က သူမဘေးမှာ ဝင်ထိုင်လိုက်တယ်။လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သွေးခုန်နှုန်း စမ်းလိုက်တယ်။ထျန်းယောင်က ပိုမျက်မှောင်ကြုံ့သွားတယ်: "မင်းဒဏ်ရာမှာ မှော်ပညာပါနေတယ်"

"ဒါပေါ့, duh" ယန်ဟွေ့က ထျန်းယောင်လက်ကို ခါချပြီး အိပ်ရာပေါ်ကို တွားသွားတက်လိုက်တယ်။"အဲ့တာ မှော်ပညာမပါရင်, ငါ့အတွင်းအားကို ညတည်းက ပြန်ဖြည့်နိုင်ပြီးပေါ့" ပြောပြီးတာနဲ့, လက်ဖက်ရည်ခွက်ယူဖို့ စားပွဲကို ရောက်သွားတယ်။

ထျန်းယောင်က ရှေ့နှစ်လှမ်းတိုးပြီး ယန်ဟွေ့လက်ကို ရုတ်တရက်ဖိလိုက်တယ်: "လက်ဖက်ရည်က အစာအိမ်အတွက်မကောင်းတာကို သောက်ရဲသေးတယ်"

ယန်ဟွေ့က မျက်လုံးပြူးနဲ့ထျန်းယောင်ကို ကြည့်လိုက်တယ်။အပြစ်ကင်းစွာ အံ့သြခြင်းနဲ့: "ဒါပေမယ့် ငါရေဆာတယ်"

ထျန်းယောင်က သူမကို လျစ်လျူရှုလိုက်တယ်။သူက ဘာမှပြန်မပြောဘူး, သူမလက်ထဲက ခွက်ကို လုယူပြီး စားပွဲပေါ်က ပေါက်စီတွေကိုလည်း ယူသွားတယ်။ယန်ဟွေ့က အံ့အားသင့်သွားတယ်။သူမက စားပွဲကို ရိုက်လိုက်ပြီး: "ပြန်ပေး။ဘာလို့ ယူသွားတာလဲ?"

Heart ProtectionWhere stories live. Discover now