Chapter52

175 27 0
                                    

ယန်ဟွေ့အမေအုတ်ဂူက ရွာအပြင် တောင်စောင်းလေးပေါ်မှာရှိတယ်။တောင်ကုန်းပေါ်နှစ်ယောက်သားလျှောက်လာချိန်ရောက်တော့ မွန်းတည့်ချိန်ရောက်လုနီးပြီ။

နည်းနည်းပူပေမယ့် ကောင်းကင်က ရင်သပ်ရှုမောရအောင်ပြာလဲ့တဲ့အချိန်အတိအကျပဲ။တောရိုင်းပန်းလေးတွေက နေရာအနှံ့အပွင့်နေတယ်။ယန်ဟွေ့က အသက်ပြင်းပြင်းရှုကာ, တောင်ကုန်းပေါ်လျှောက်လိုက်ပြီး အချိန်အတော်ကြာမလှည်းကျင်းထားတဲ့အုတ်ဂူထီးထီးကို မြင်လိုက်ရတယ်။သူမက အကြာကြီးအဲ့မှာ တိတ်တဆိတ်ရပ်နေတယ်။အဲ့နောက်ရှေ့မှာ ဒူးထောက်လိုက်တယ်။ဒါပေမယ့် တစ်ခြားသူတွေလို အုတ်ဂူကို အရိုအသေပေးတဲ့ သင့်လျော်တဲ့ကိုယ်ဟန်တစ်ခုတော့မဟုတ်ဘူး။

ယန်ဟွေ့က ပင်ကိုမနာခံတတ်တဲ့စရိုက်ရှိတယ်။သူမက အလွန်အကျူးလေးစားတာမရှိခဲ့သလို မလေးစားမှုလည်းမရှိခဲ့ဘူး။

"အမေ" သူမက ဘေးကိုကြည့်လိုက်တယ်။နောက်ထပ်အုတ်ဂူကျောက်တိုင်က ရွဲ့စောင်းနေတယ်။ယန်ဟွေ့ ဒူးထောက်ထားတဲ့ရှေ့ကလို မဖြောင့်တန်းဘူး။သူမက နှုတ်ခမ်းကို စုလုံးပြီး ခေါ်လိုက်တယ်, "အရက်သမားလူအိုကြီး" သူမက ခေါင်းကို မြေပြင်နဲ့ထိလိုက်တယ်, "မင်းတို့သမီးက မင်းတို့နှစ်ယောက်ဆီ လာလည်တယ်"

ယန်ဟွေ့က ရွာရဲ့အရက်ချက်အမျိုးသမီးဆီက ဝိုင်တစ်ပုလင်းယူလာခဲ့တယ်။ပုလင်းကို ဖောက်ပြီး ရွဲ့စောင်းနေတဲ့ကျောက်တိုင်ရှေ့ လောင်းလိုက်တယ်။ "ငါက အပျင်းကြီးတယ်, ဒါကြောင့် ဒီမှာပေါက်နေတဲ့မြက်တွေ မနှုတ်တော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ်, ပြန်ပေါက်မှာပဲလေ"

ထျန်းယောင်က အချိန်အတော်ကြာတိတ်တဆိတ်နားထောင်နေခဲ့ပေမယ့် အဆုံးမှာ မပြောပဲအောင့်မထားနိုင်တော့ဘူး: "မင်း ဒီအထိလာပြီးမှတော့, အုတ်ဂူတွေဘာလို့ သန့်ရှင်းရေးမလုပ်တာလဲ?"

"အမေဆုံးတုန်းက, ငါတို့ ဆင်းရဲလွန်းလို့ အခေါင်းအညံ့တစ်ခုတောင် မတတ်နိုင်ခဲ့ဘူး။မြက်ခင်းပြင်အောက်မှာ မြုပ်လိုက်တယ်။" အုတ်ဂူကျောက်တိုင်ပေါ်ရှိ စကားလုံးတွေကိုသုတ်လိုက်တယ်။ "မြက်တွေက ငါ့အမေကြောင့် ပေါက်တာဆိုဘယ်လိုလုပ်မှာလဲ?"

Heart ProtectionWhere stories live. Discover now