Chapter21

281 38 0
                                    

Edited By Ray 🍇
သူမမှော်ပညာပြန်လည်ရရှိပြီးဖြစ်တဲ့အတွက် Yan Hui ဓားပျံစီးခြင်းနည်းလမ်းကို သုံးပြီး ထောင်လုတောင်ရဲ့ ရွာငယ်လေးကနေ အမြန်ထွက်လာခဲ့တယ်။

ဒါပေမယ့် သူမခန္ဓာကိုယ်က အပြည့်အဝပြန်လည်ကောင်းမွန်ခြင်းတော့ မရှိသေးဘူး။ သူမ,နွမ်းနယ်လာပြီး အနားယူဖို့အတွက် ထောင်လုတောင်က စမ်းချောင်းရှိတဲ့နေရာကို ရွေးလိုက်တယ်။

Tian Yao ကို အပြတ်ပြောခဲ့ပေမယ့်, အဲ့အကြောင်းတွေ ပြန်တွေးကြည့်ပြီး သူမစိတ်မသက်မသာဖြစ်နေတုန်းပဲ။ နဂါးနတ်ဆိုးက ဘာမှမတွေးပဲ Su Ying ကို တကယ်သွားရင်ဆိုင်ခဲ့မယ်ဆိုရင်ရော.....

Su Ying နဲ့ပတ်သတ်ပြီး Tian Yao ပြောခဲ့တာတွေကသာ အမှန်ဆိုရင်, ဒါဆို သူမနှလုံးသားကို ဖောက်ထုတ်ပြီး နှလုံးသားကာကွယ်မှုအကြေးခွံကို ငွေလင်ပန်းပေါ်တင်ပြီး ကမ်းလှမ်းတာနဲ့အတူတူပဲမဟုတ်ဘူးလား?!

Yan Hui တံတွေးမျိုချပြီး အေးစက်နေတဲ့ သူမရင်ဘတ်ကို ပွတ်လိုက်တယ်။

ပြန်သွားပြီး နဂါးနတ်ဆိုးနဲ့ စကားထပ်ပြောကြည့်ရမလား.....?

Yan Hui ခဏစဥ်းစားလိုက်တယ်, ဒါပေမယ့် ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူး။ သူမတွေး‌နေရင်း ကောင်းကင်က တဖြည်းဖြည်းမှောင်လာတယ်။Yan Hui စမ်းချောင်းကနေ ငါးနှစ်ကောင်ကို အလွယ်တကူ ဖမ်းလိုက်တယ်။ ထင်းစုပြီး စမ်းချောင်းဘေးမှာ မီးနည်းနည်းစမွှေးလိုက်တော့တယ်။ ငါးကင်နေရင်း, သူမ ဆက်စဉ်းစားနေလိုက်တယ်။

သူမ ကင်ပြီးသွားတဲ့အခါ, လူတစ်ယောက်က ရုတ်တရက် သူမဘေးမှာ ထိုင်ချလိုက်တယ်။

စကားတစ်ခွန်းမှ မပြော, တုံ့ဆိုင်းခြင်းတစ်စက်မှမရှိပဲ, Yan Hui ရဲ့ ငါးကင် တစ်ချောင်းကိုယူပြီး စားလေတော့တယ်။

Yan Hui တန့်သွားပြီး တဖက်လှည့်ကြည့်လိုက်တယ်: "မင်း ငါ့နောက်ကို ဘယ်လိုလိုက်လာတာလဲ?!"

ဒီလူကတော့ Tian Yao မှတပါး ဘယ်သူဖြစ်နိုင်မှာလဲ။

Tian Yao ဗိုက်ဆာနေတာ အရမ်းသိသာတယ်။ Yan Hui စကားတွေကို အရေးမစိုက်ပဲ ဆက်စားနေတယ်။ ငါးကို ပြန်ယူဖို့ Yan Hui လက်လှမ်းလိုက်မှ Tian Yao က ဘေးကို ရှောင်တိမ်းလိုက်တယ်။ သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်: "ငါ လမ်းလျှောက်လာခဲ့တာ"

Heart ProtectionWhere stories live. Discover now