Chapter30

246 41 4
                                    

Char30
နတ်ဆိုးတွေရဲ့တိုက်ခိုက်မှုအန္တရာယ်က‌နေ ကာကွယ်ဖို့, Yan Huiနဲ့ Tian Yaoက နေ့အလင်းရောင်ကို အခွင့်ကောင်းယူပြီး လူစီးယာဉ်နဲ့ ခရီးထွက်ခဲ့ကြတယ်။ တစ်ယောက်ထဲသွားရတာထပ် လူအများနဲ့သွားရတာ ပိုလုံခြုံရတယ်။ပြီးတော့, နတ်ဆိုးတွေကလည်း နေ့အချိန်မှာ တိုက်ခိုက်လေ့မရှိဘူး။

Yan Huiနဲ့Tian Yaoက ဂိတ်တံခါးမပိတ်ခင် ယောင်ကျိုးမြို့ကို ရောက်ခဲ့တယ်။ ယောင်ကျိုးက အလယ်ပိုင်းလွင်ပြင်မှာရှိတဲ့ အဓိကကျတဲ့မြို့ဖြစ်တယ်။ ကုန်စည်တွေက ‌မြောက်ပိုင်းနဲ့တောင်ပိုင်းကို ယောင်ကျိုးမြို့ကိုဖြတ်ပြီး သွားကြတယ်။လူတွေအများကြီးဒီမှာနေကြတယ်, ကောင်းကောင်း ဆိုးဆိုး။

သူတို့၀င်လာတော့ ကောင်းကင်က အဝါလိ‌မ္မော်ရောင်ရင့်နေချိန်ဖြစ်တယ်။လူစီးယာဥ်ခေါင်းဆောင်ကို နှုတ်ဆက်ပြီးနောက်Tian Yaoကို မြို့မြောက်ပိုင်းဆီ ခေါ်သွားခဲ့တယ်။သူမရဲ့အပြုအမှုတွေမြင်တော့, Tian Yaoမေးလိုက်တယ်: "မင်းက တောင်တွေပေါ်မှာ တစ်နှစ်ပတ်လုံးနေခဲ့ရတာ။‌ ယောင်ကျိုးမြို့ကို ဘယ်လိုလုပ်ရင်းနှီး‌ နေတာလဲ?"

"အရင်တုန်းက ဆရာနဲ့အတူ နတ်ဆိုးတစ်ချို့ကို ကိုင်တွယ်ဖို့လာခဲ့ဖူးတယ်။သူငယ်ချင်းတစ်ယောက် ရခဲ့တယ်။နောက်ပိုင်း, တောင်ပေါ်ကဆင်းလာတဲ့အခါတိုင်း ဒီနေရာကို အမြဲလာတယ်။ချန်ရှင်းတောင်က ဘယ်လိုကန်ထုတ်ခံခဲ့ရတာလဲ မှတ်မိတယ်မလား? ယောင်ကျိုးမြို့ကို လာပြီး ရက်အနည်းငယ်ကြာအောင်လှည့်ပတ်နေခဲ့‌သေးတယ်။ ယောင်ကျိုးမြို့က ကြီးပြီး ငါနေရာအကုန်လုံးနဲ့ မရင်းနှီးသေးပါဘူး။ဒါပေမယ့် သူမရဲ့နေရာကို သွားတဲ့လမ်းကိုတော့ ငါအမြဲရှာနိုင်တယ်" စကားပြောနေရင်း, အစိုးရအရာရှိအနည်းငယ်ကို ရှေ့တည့်တည့်မှာတွေ့လိုက်ရတယ်။

Yan Hui ခြေလှမ်းတွေ ခဏတာမျှယိုင်သွားတယ်။Tian Yao သူမဘာသာသူမရေရွတ်နေတာ ကြားလိုက်ရတယ်: "ငါအဲ့တာကို မေ့သွားတယ်...." သူသိလိုက်တဲ့နောက်တစ်ခုက, သူ့ရဲ့အင်္ကျီလက်အစက အဆွဲခံလိုက်ပြီး Yan Huiက သူ့ကို လမ်းကြားထဲကို သတိပေးခြင်းမရှိပဲတွန်းလိုက်တယ်။အကြိမ်ပေါင်းများစွာ အချိုးအကွေ့တွေသွားပြီးနောက်, သူမက သူ့ကိုတစ်ခြားလမ်းကြောင်းတစ်ခုကို ခေါ်သွားတယ်။

Heart ProtectionWo Geschichten leben. Entdecke jetzt