Chapter25

251 41 3
                                    

Edited By Ray 🌸
Yan Hui လှည့်ပြီး တစ်ချက်ကြည့်လိုက်တယ်: "အသက်ရှိ‌သေးရဲ့လား?"

လရောင်က သူမဘေးမှာ ရစ်ဝဲနေတယ်, သူမရဲ့မျက်နှာသွင်ပြင်က ရှင်းရှင်းလင်းလင်း ပေါ်လွင်နေတယ်။ သူမရဲ့လရောင်လွှမ်းနေတဲ့မျက်လုံးတွေထဲကို Tian Yao စိုက်ကြည့်လိုက်တယ်။ အချိန်တစ်ခုအကြာ သူ,တုန့်ပြန်ဖို့ မေ့နေခဲ့တယ်။

Yan Hui က မျက်မှောင်ကြုံ့လိုက်တယ်, မက်မွန်သားဓားရိုးကို လွှဲပြီး Tian Yao နဖူးကို ရိုက်လိုက်တယ်။ သူက လန့်သွားပြီး Yan Hui ရဲ့ပြတ်ပြတ်သားသားပြောသံကြားလိုက်ရတယ်: "သေပြီဆိုရင်, ငါမင်းကို ကယ်ဖို့ မကြိုးစားတော့ဘူး"

Tian Yao ခဏတာဆွံ့အသွားတယ်။ အနည်းငယ်နာကျင်နေတဲ့နဖူးကို ကယောင်ကတမ်းဆုပ်ကိုင်လိုက်တယ်။ ရုတ်တရက်, နက်နဲပေမယ့် နူးညံ့တဲ့ ရယ်မောသံထွက်လာတယ်။

Yan Huiက မျက်ခုံးတွေ ကြုံ့လိုက်ပြီး: "မင်းဘာရယ်နေတာလဲ? ငါ မင်းကို အရမ်းရိုက်လိုက်မိလို့ ရူးသွားတာလား?"

Tian Yao က နဖူးကို အုပ်ပြီး အကြာကြီး တိုးတိုးလေးရယ်လိုက်တယ်:"မင်းလိုလူမျိုးနဲ့တွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲ"

သူမက သူ့ကို ရှင်းရှင်းလင်းလင်းစွန့်ပစ်ခဲ့ပေမယ့် အန္တရာယ်ကိုဂရုမစိုက်ဘဲ ပြန်လာကယ်ခဲ့တယ်။ စိတ်ပျက်အားငယ်ခြင်းထဲ ဒုက္ခတွေကြားထဲ နစ်မြုပ်နေတဲ့သူ့ကို သူမက ကယ်တင်ခဲ့တယ်။

အံ့သြစရာအကောင်းဆုံးအပိုင်းကတော့ သူမရဲ့လုပ်ရပ်တွေက သူ့ကို သံသယမရှိ အံ့အားသင့်စေခဲ့တာသေချာပေမယ့် သူမကိုယ်တိုင်ကတော့ သတိတောင်မထားမိဘူး။"

"ဘယ်လောက် အဓိပ္ပါယ်မရှိလိုက်တဲ့အုပ်စုလဲ" Yan Hui အရှေ့ကို ပြန်ကြည့်လိုက်တယ်။ ဆယ်မိုင်အကွာလွင့်ခဲ့တဲ့ ကျွဲခေါင်းနဲ့နတ်ဆိုးဆီကို သူမမျက်လုံးတွေက စိုက်ကြည့်နေတယ်။ စောနက သူမ မှော်ပညာကို ထိန်ချန်မထားပဲ အသုံးပြုထားတော့, ကျွဲခေါင်းနတ်ဆိုးခမျာ ခုထိ ခေါင်းကို မူးပြီးယမ်းနေတယ်။

ကျွဲခေါင်းနတ်ဆိုးနောက်က မှောင်မိုက်တဲ့သစ်တောထဲမှာ, အနက်ရောင်အရိပ်တွေက သူတို့နှစ်ယောက်ကို ဖမ်းဖို့အတွက် ရှေ့တိုးလိုက်နောက်ဆုတ်လိုက်နဲ့ ရွေ့နေကြတယ်။ သူတို့ကို ရိုက်ချခဲ့တဲ့ Yan Huiရဲ့ စွမ်းအားကြောင့်, အလျင်စလိုရှေ့မတိုးရဲဘူး။ တောထဲမှာ သစ်ပင်တိုးတိုက်သံတွေ ထပ်ရှိနေသေးတယ်။ စတင်တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထားတဲ့ နောက်ထပ်နတ်ဆိုးတွေရှိနေသေးတာထင်ရှားတယ်။

Heart ProtectionWhere stories live. Discover now