Chapter3

554 65 0
                                    

Edited By Ray🍓
Yan Hui ထင်းသိုလှောင်ခန်းထဲ နောက်ထပ်တစ်ရက် ထပ်နေလိုက်ရတယ်။ ညနေရောက်တော့, ခြံ၀န်းထဲမှာ ရုတ်တရက် လူသံတွေနဲ့ စည်ကားလာတယ်။ အရမ်းကြီး စည်ကားလာတာတော့မဟုတ်ပါဘူး။ Yan Hui အသံတွေနားထောင်ကြည့်လိုက်တော့ အဲ့ဒီမှာ လူအယောက် 20လောက်ပဲရှိမယ်ဆို ပြောနိုင်တယ်။ တကယ်လို့ ကျင်ကြံမှုတွေရှိသေးရင်, အဲ့လူတွေကို အလွယ်တကူရင်ဆိုင်ပြီး ထွက်ပြေးလို့ရတယ်, ဒါပေမယ့်....

Yan Hui အတွင်းပိုင်းကို စူးစမ်းလိုက်တယ်။ အရင်အတိုင်း သူမရဲ့ အတွင်းအားတွေ ပျောက်ဆုံးနေတုန်းပဲ။ မြွေအဆိပ်က ​တော်တော်လေးပြင်းထန်တဲ့အရာပဲ။

တွေးနေရင်း တွေးနေရင်းနဲ့, သူမရဲ့ အတွေးရထားဟာ ဟိုအရူး A'Fu ဆီ နောက်တစ်ကြိမ် ထပ်‌ရောက်သွားတယ်

သူကလေးဘဝတည်းကနေ သူ့ကို အရူးတစ်ယောက်လို့ ရွာသူရွာသားအားလုံးက ယူဆခဲ့ကြတယ်။ ဒါပေမယ့် Yan Hui ဘယ်လိုကြည့်ကြည့်, သူ့ကို အရူးတစ်ယောက်လို့မမြင်မိဘူး။ သူက ကွယ်ဝှက်တတ်ပြီး အမျှော်အမြင်ရှိတဲ့ ပုံတောင်ပေါ်တယ်။

အရူးတစ်ယောက်ကို ဘယ်အရာက ရုတ်တရက် ထက်မြတ်သွားစေနိုင်တာလဲလို့ Yan Hui စဉ်းစားလိုက်တယ်။ နတ်ဆိုးဝင်ပူးမှသာ ဖြစ်နိုင်လိမ့်မယ်, ဒါပေမယ့် Tong Luo တောင်ရဲ့ ဝိဥာဉ်စွမ်းအားက တည်ရှိမနေဘူး။ ဒီမှာ ကျင့်ကြံ‌နေမယ့် နတ်ဆိုးဆိုရင်....တစ်ယောက်ပဲဖြစ်မှာကို စိုးရိမ်ရတယ်, မနေ့ကသူမ ဓားနဲ့ထိုးလိုက်တဲ့မြွေနတ်ဆိုး။

မြွေနတ်ဆိုးကို ကျင့်ကြံခြင်းစွမ်းအားတွေမရှိပဲ ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစားနေတုန်းမှာ, ထင်းသိုလှောင်ခန်းတံခါးက ပွင့်သွားတယ်။ မနေ့က လူကုန်ကူးသူ, Mrs. Zhouက , အခန်းထဲကို ဝင်လာတယ်။ အပြုံးတုတစ်ခုကို မျက်နှာမှာ တင်ထားပြီး : "ဂုဏ်ပြုပါတယ်"

Yan Hui သူမကို စွေစောင်းပြီး ကြည့်လိုက်တယ်။ Mrs. Zhouက Yan Huiကို ထဖို့ထူမလိုက်ပြီး Yan Hui ရဲ့လက်ကောက်ဝတ်မှာ ကြိုးတစ်ချောင်းကို ကျွမ်းကျွမ်းကျင်ကျင် ထပ်ချည်လိုက်တယ်။ ပြီးတော့ ခွေးတစ်ကောင်နဲ့ လမ်းလျှောက်ထွက်သလို Mrs Zu ကသူမရဲ့ လက်ထဲမှာ ကြိုးရှည်တစ်ချောင်းကို ကိုင်ထားတယ်။ Yan Huiရဲ့ ခြေထောက်မှာ စုချည်ထားတာတွေကို ဖြတ်လိုက်တယ်။

Heart ProtectionDonde viven las historias. Descúbrelo ahora