Chapter51

166 27 0
                                    

ယန်ဟွေ့ က လင်းရှောင်ကို သူမဆရာအဖြစ် ဂါဝရပြုခဲ့တာ ဆယ်နှစ်ကြာခဲ့ပြီ။

လူတစ်ယောက်အတွက်, ဆယ်နှစ်က ရှည်ကြာတဲ့အချိန်တစ်ခု။အဲ့ဆယ်နှစ်အတွင်းဖြစ်ပျက်ခဲ့တဲ့အရာများစွာကို ယန်ဟွေ့မေ့သွားပြီ။ဒါပေမယ့်, လင်းရှောင်နဲ့တွေ့ခဲ့တဲ့နေ့ကို မမေ့ရဲခဲ့ဘူး။

အဲ့တာက နွေဦးအစ‌ဆိုတာ သူမ မှတ်မိတယ်။ယန်ဟွေ့မှာ အမေမရှိတော့ဘူး,ပြီးတော့ သူမရဲ့အရက်သမားအဖေက အိမ်မှာ နေ့တိုင်းသေလုနီးပါးမူးနေခဲ့တယ်။ယန်ဟွေ့ဘာလုပ်လဲဘယ်သွားလဲ နည်းနည်းမှတောင် ဂရုမစိုက်ခဲ့ဘူး။

အဲ့တုန်းက, ယန်ဟွေ့ ဘဝဆိုတာ ဖရိုဖရဲရှုပ်ထွေး‌နေတယ်လို့သာတွေးခဲ့တယ်။အချိန်တန်ရင်, ရွာထဲက အစ်မကြီးတွေလိုပဲ လက်ထပ်ဖို့တစ်စုံတစ်ယောက်ရှာမယ်။အဲ့နောက် ကလေးနှစ်ယောက်မွေးပြီး ပြုစုပျိုးထောင်မယ်။ပြီးအဲ့နောက် ကလေးတွေ ဘဝတစ်လျှောက် ရောက်ယက်ခတ်နေတာကြည့်မယ်။

အဲ့တုန်းက လင်းရှောင်လို့ခေါ်တဲ့တစ်စုံတစ်ယောက်ကို တွေရလိမ့်မယ်လို့ ယန်ဟွေ့ တစ်ခါတောင်မတွေးမိဘူး။

သူက သူမရဲ့သာမန်ဘဝအလယ် ဆင်းသက်လာတဲ့ နတ်ဘုရားလိုတည်ရှိမှုနဲ့တူတယ်။

လင်းရှောင်က ဇီချန်ကို အတွေအကြုံရအောင် သူနဲ့အတူတောင်ပေါ်ကနေ ခေါ်ဆင်းခဲ့တယ်။သူတို့က မကောင်းဆိုးဝါးနတ်ဆိုးကို ရွာအဝင်ပေါက်ဆီ လိုက်ဖမ်းခဲ့တယ်။ယန်ဟွေ့က ရွာကကလေးတစ်ချို့နဲ့ ကြီးမားတဲ့သစ်ပင်ခြေရင်းမှာ ဆော့နေတဲ့အချိန်ဖြစ်နေတယ်။

နတ်ဆိုးက လမ်းဆုံးထိလိုက်ဖမ်းခံရပုံပဲ။ကလေးတွေထဲက တစ်ယောက်ကို ချက်ချင်းဖမ်းပြီး နေရာမှာတင် ကလေးရင်ဘတ်ကို ဆုပ်ဖြဲလိုက်တယ်။နတ်ဆိုးက နှလုံးကို ဆွဲထုတ်ယူပြီး မျိုချလိုက်တယ်။တစ်ခြားကလေးတွေအားလုံးက မြင်ကွင်းကြောင့်ထိတ်လန့်သွားတယ်။

ယန်ဟွေ့အငယ်လေးက သရဲတစ္ဆေတွေကို မကြာခဏမြင်ဖူးတယ်ဆိုပေမယ့်,ဒီလိုသွေးသံရဲရဲမြင်ကွင်းမျိုးကို တစ်ခါမှ မကြုံဖူးဘူး။သူမက ချက်ချင်းပင် ငိုကြွေးတော့တယ်။နှလုံးတစ်ခုက နတ်ဆိုးအတွက်မလုံလောက်ဘူး။ချက်ချင်းလက်လှမ်းကာ ယန်ဟွေ့ကို ဖမ်းလိုက်တယ်, သူနဲ့အနီးဆုံးသူကို။

Heart ProtectionWhere stories live. Discover now