Chapter53

348 32 4
                                    

ယန်ဟွေ့ သတင်းအချက်အလက်ကြီးကျပ်ရေးမှူး ရောက်လာဖို့ စောင့်ရတာ မချိတင်ကဲခံစားရတယ်။

အတွေးတစ်ခုက သူမစိတ်ထဲဝင်လာတယ်။စစ်မှန်တဲ့မြေခွေးနတ်ဆိုးတပ်မက်ဖွယ်ရနံ့က သန့်စင်ဖို့အတွက် အမြီးကိုးချောင်းမြေခွေးနတ်ဆိုးရဲ့သွေးလိုတယ်ဆိုရင်, ပြီးတော့ အမြီးကိုးချောင်းမြေခွေးနတ်ဆိုးမင်းသမီးက အချိန်အတော်ကြာပျောက်ဆုံးနေတယ်.......ချင်ချူက အနောက်တောင်ဘက်မှာရှိပေမယ့် အဲ့တာက အလယ်ပိုင်းမှာ သူတို့လွှမ်းမိုးမှုမရှိဘူးဆိုလိုတာမဟုတ်ဘူး။သူတို့အရှိန်အဝါနဲ့တောင် မင်းသမီးဘယ်မှာရှိလဲ မသိ‌သေးဘူး.....

စုယင့်က မြေခွေးနတ်ဆိုးမင်းသမီးကို ဖမ်းပြီးတာဖြစ်နိုင်မလား?နောက်ပြီး, စုယင့်က မင်းသမီးအမြုတေကိုထုတ်ပြီး သွေးကို သန့်စင်ဖို့ သုံးပြီးတာ‌ ရောဖြစ်နိုင်မလား?

အဲ့လိုဖြစ်ရင်, ဒါဆို သွေးသားဆက်နွယ်မှုကို တန်ဖိုးထားတဲ့အမြီးကိုးချောင်းမြေခွေးမျိုးနွယ်စုက, အလွန်အမင်းအမျက်ဒေါသထွက်လိမ့်မယ်။ကျင့်ကြံသူတွေနဲ့နတ်ဆိုးတွေကြားက ဆက်ဆံရေးက ခက်ခက်ခဲခဲယာယီတည်ငြိမ်ခဲ့တယ်။ဘယ်သူသိနိုင်မလဲ, ဒီဟာက ကြီးမားတဲ့ပဋိပက္ခကို လှုံ့ဆော်နိုင်တာ....

ယန်ဟွေ့တွေးလေလေ, ပိုကြောက်လေလေပဲ။လွန်ခဲ့တဲ့နှစ်ငါးဆယ်တုန်းက,ကျင့်ကြံခြင်းအုပ်စုနဲ့နတ်ဆိုးမျိုးနွယ်တိုက်ခိုက်ခဲ့ကြတယ်။ယန်ဟွေ့က မပါဝင်ခဲ့ပေမယ့်, တစ်ခြားသူ‌တွေ ဖြန့်လို့ ကြားရတာနဲ့တင် ကြောက်လန့်စေဖို့ လုံလောက်တယ်။

နောက်ဆုံးမှာ ကျင့်ကြခြင်းအုပ်စုက အလယ်ပိုင်းလွင်ပြင်မှာ ခြေကုပ်ယူနိုင်ပြီး နတ်ဆိုးမျိုးနွယ်ကို တွန်းထုတ်ခဲ့ပေမယ့်, ပဋိပက္ခရဲ့ပရမ်းပတာတွေကြောင့် နေရာတိုင်းမှာ ဒုက္ခသည်တွေပေါ်လာတယ်။အဲ့တာက မနှစ်မျို့ဖွယ်အခြေအနေပဲ။နောက်ပိုင်းမှာ နတ်ဆိုးတွေရော လူတွေရော ဒဏ်ခတ်ခြင်း ရင်ဆိုင်ခဲ့ရတယ်။

လောကကြီးက စီစဉ်တကျဖြစ်ဖို့ ဆယ်စုနှစ်များစွာ ခက်ခက်ခဲခဲကြိုးစားအချိန်ယူခဲ့ရတယ်.......

Heart ProtectionWhere stories live. Discover now