Chapter10

318 47 0
                                    

Edited By Ray🍓
Yan Hui စကားမဆုံးသေးခင်မှာပဲ မြွေနတ်ဆိုးက အမြီးနဲ့ ရိုက်ချလိုက်တယ်။ Yan Hui နဲ့ Qi Yun ကို ပတ်ပြီး လေထဲမြှောက်လိုက်တယ်။ သူက ဘာစကားတစ်ခွန်းမှမကြားနိုင်လောက်အောင် အရမ်းကိုဒေါသအမျက်ကြီးနေတယ်။

Yan Hui ခွဲလိုက်တဲ့ အမြီးက မြွေနတ်ဆိုးအတွက် လက်နက်အသစ်ဖြစ်လာသလိုပဲ။ ခွတစ်ဖက်က Yan Huiကို ရစ်ပတ်ထားတယ်, နောက်တစ်ဖက်က Qi Yunကို ရစ်ပတ်ထားတယ်။

Yan Hui ကို ကိုင်ထားတဲ့ခွကနေ သူမကို လေထဲပစ်ပေါက်လိုက်တယ်။

Yan Hui လန့်သွားတယ်, ဒါပေမယ့် အတွင်းအားမရှိပဲ, သူမကိုယ်သူမ ကာကွယ်နိုင်စွမ်းမရှိဘူး။ ကလေးတစ်ယောက်က သူ့အရုပ်ကို မြေပြင်ပေါ် ခပ်ပြင်းပြင်းပစ်ချလိုက်သလို အရုပ်ကလေးတစ်ခုနှယ် Yan Hui မြေပြင်ပေါ်ကျသွားတယ်။ မှင်သက်ပြီး, အချိန်အကြာကြီးအထိ အသိစိတ်ပြန်မဝင်ခဲ့ဘူး။

Yan Hui တုန်ယင်ပြီး ခေါင်းကို ထောင်လိုက်တယ်။ အဲ့ဒီတော့မှ Tian Yaoက မြေပြင်မှာ မားမားမတ်မတ် ခြေစုံချရပ်နေတာ မြင်လိုက်တယ်။ သူက တည်ငြိမ်စွာနဲ့ မြွေနတ်ဆိုးကို ကြည့်နေတယ်။ ခုလေးတင် ပစ်ချခံလိုက်ရတဲ့ Yan Hui အတွက်, သူက ကမ္ဘာမြေကြီးနဲ့ တွယ်ကပ်နေတဲ့ရုပ်ထုနဲ့ တူနေတယ်။

Yan Hui သူ့ရဲ့အဝတ်တွေကို ဆုပ်ကိုင်လိုက်ပြီး ယိုင်တိုင်တိုင်နဲ့ထလိုက်တယ်: "ကောင်စုတ်....." Yan Hui က ဆူလိုက်တယ်: "ငါ့ကို ဖမ်းမပေးဘူး"

အဲ့တော့မှ Tian Yaoက Yan Hui ကို တစ်ချက်ကြည့်လိုက်တယ်။ သူက ဘေးကိုတစ်ချက်တိုးလိုက်ပြီး Yan Hui သူ့ကို ကိုင်ထားလို့မရအောင်လုပ်လိုက်တယ်:"မင်းကို ကယ်ရင် မြင့်မြတ်တဲ့စိတ်ထားရှိလို့။ မင်းကို မကယ်တာကျ အဲ့တာဖြစ်သင့်တဲ့အတိုင်းပဲလေ"

သေစမ်း.........

ဒီတူညီတဲ့ စကားတွေကြားတော့, Yan Hui စိတ်ထဲမှာ ကျိန်ဆဲမိနေပြီ။ မြွေနတ်ဆိုးက ပါးစပ်ကို ဖွင့်လိုက်ပြီး Yan Hui ကို တစ်ဟုန်ထိုးတိုက်ခိုက်လိုက်တယ်။ Yan Hui ကို သူ့ဗိုက်ထဲ မျိုချဖို့ လုပ်နေတယ်။

Yan Hui က နည်းနည်းလေးမှ တုံ့ဆိုင်းမနေဘူး။ Tian Yaoကို တွန်းလိုက်တယ်။ သူတို့နှစ်ယောက် တစ်ဖက်တစ်ချက်စီ လဲကျသွားပြီး မြွေနတ်ဆိုးတိုက်ခိုက်တာကို ရှောင်တိမ်းနိုင်လိုက်တယ်။

Heart ProtectionWhere stories live. Discover now