Chapter1

1.1K 87 13
                                    

Edited By Ray🍓
တောင်ပေါ်ကနေ ထွက်လာပြီး မကြာခင်, Yan Hui အခက်ခဲဆုံး ဒုက္ခနှစ်ခု ကြုံတော့တာပဲ။ ပထမတစ်ခုက, သူမ ခုချိန်ကစပြီး ဖက်တီးZhang(Yan Hui က ခေါ်သောနာမည်) လုပ်ပေးတဲ့ စားစရာတွေ ဘယ်တော့မှ စားလို့ရတော့မှာမဟုတ်တော့ဘူး။ နောက်တစ်ခုကတော့ ဆင်းရဲမွဲ‌တေမှုပဲ။

Yan Hui ငယ်ငယ်လေးကတည်းက, ဆင်းရဲမွဲ‌တေမှုရဲ့ ဒဏ်ကို သူမသိခဲ့တယ်။ Ling Xiao က သူ့ရဲ့တပည့်အဖြစ်လက်ခံပြီးနောက်မှာ, Cheng Xingတောင်ကနေ သူမကို ငွေစ 2စ လတိုင်းပေးခဲ့တယ်။ ငွေစတွေက သူမစိတ်ကို ပုံမှန်နှစ်သိမ့်ပေးတဲ့အရာတွေပဲ။ ဒါတွေကပဲ သူမကို ဆင်းရဲမှုဒဏ်ကနေ လွတ်မြောက်‌စေခဲ့တယ်။ ဒါမယ့် Yan Hui နှင်ထုတ်ခံခဲ့ရတဲ့အခါ, Chen Xingတောင်ရဲ့ သိုလှောင်ခန်းမှာ သူမပိုင်ဆိုင်တဲ့အရာအားလုံး အသိမ်းခံလိုက်ရတယ်။ ဆရာက သူမရဲ့ဓားကိုတောင် ယူသွားဖို့ခွင့်မပြုခဲ့ဘူး။ ထို့တောင်ပေါ်ကနေ တစ်ကိုယ်တည်းဆင်းလာတဲ့ Yan Hui ဟာ ပိုင်ဆိုင်တာဆိုလို့ သူမကိုယ်သူမပဲရှိတော့တယ်။ ပေါက်စီတစ်လုံး ၀ယ်ဖို့တောင် မတတ်နိုင်တော့ပါဘူး။

ဒါပေမဲ့ အခုအခြေအနေတွေက အကောင်းဘက်လှည့်လာပြီ။ တောင်ခြေမှာ လူတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ Yan Hui ပိုက်ဆံရှာနည်းကို တွေ့ခဲ့ပြီ------ Jianghuရဲ့ အဖိုးတန်အမဲလိုက်ခြင်းများ။

Yan Hui အမဲလိုက်စာရင်းကို ကြည့်လိုက်တဲ့အခါ, သူမ လူချမ်းသာတစ်ယောက်ရဲ့ အလုပ်တစ်ခုကို လုပ်စရာတွေရဲ့ထိပ်ဆုံးမှာ ကံကောင်းစွာတွေ့လိုက်ရတယ်: လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ‌မြွေနတ်ဆိုး ခိုးသွားသော မိသားစုအမွေအနှစ် ရှာဖွေပြီး ပြန်ပေးရန်။ဆုကြေးငွေ ရွှေတုံး 88တုံး!

ရွှေတုံး 88တုံး!

ဒီပမာဏက ဖက်တီးZhangအများကြီးကို 6ရက်လောက် ကိုယ်ပိုင်စားဖိုးမှူးခန့်ပြီး ကောင်းကောင်းစားသောက်နေလို့ရတယ်။ Yan Hui ရဲ့မျက်လုံးများက လောဘကြောင့် စိမ်း‌တောက်နေတယ်။ သူမက လိုက်လံဖမ်းစီးဖို့အတွက်တောင်မှ ကြိုစဉ်းစားမနေခဲ့ဘူး။

နှစ်တစ်ရာ‌မြွေနတ်ဆိုးကဘာလဲ? အရင်သူမ ဆရာဟောင်းကို ပထမဆုံးတွေ့ခဲ့တုန်းက, သူမက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ကြိမ်ပင်ဝိညာဉ်ကိုတောင် ကူသတ်ပေးခဲ့တာ!

Heart ProtectionOù les histoires vivent. Découvrez maintenant