Chapter37

174 28 2
                                    

မနေ့က, မြေခွေးနတ်ဆိုးတွေကို မကယ်လိုက်နိုင်ဘူး။နဂါးဦးချိုလည်း မရလိုက်ဘူး။ယန်ဟွေ့ နဲ့ ထျန်း‌‌ယောင် ခြေထောက်ကြားမှာ အမြီးတွေနဲ့ပြန်လာခဲ့ကြတယ်။(idom:ရှုံးနိမ့်ခဲ့တာကြောင့် ရှက်ရွံ့ခြင်း)

ယန်ဟွေ့က အဲ့တာကို တွေးဆကြည့်ပြီ။နောက်ထပ်တစ်ကြိမ်ပြန်သွားရမှာကို ခံစားမိလိုက်ပေမယ့် ဆရာအရှင်စုယင့်က ကောင်းကင်ဘုံ့ရနံ့ကို စောင့်ကြည့်နေတယ်, ယန်ဟွေ့ သရဲတစ္ဆေတွေကို ဒိုင်းကာအဖြစ် ပေါ့ပေါ့တန်တန်သုံးပြီး အေးအေးလူလူဝင်မသွားရဲတော့ဘူး။

မနေ့ကလို မတော်တဆထပ်ဆုံမယ်ဆိုရင် ဒီတစ်ခါ ကံကောင်းထောက်မစွာလွတ်မြောက်ခြင်းမရှိတော့မှာကို ကြောက်ရွံ့နေမိတယ်။

ဒုတိယနေ့,မနက်စောစောတွင်, ယန်ဟွေ့က ရှန့်ကောကို သွားရှာတယ်။

ဒီနေ့,ရှန့်ကောက စောစောထတယ်။လက်တစ်ဖက်က ရေနွေးခွက်ကိုကိုင်ထားတယ်။တစ်ခြားတစ်ဖက်က စာရွက်တစ်ရွက်ကို ကိုင်ပြီး သေချာဖတ်နေတယ်။

ယန်ဟွေ့က တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ, ရှန့်ကောက ရေနွေးခွက်ကို နှုတ်ခမ်းဆီ မြှောက်တင်တာကို မြင်လိုက်တယ်။ရှန့်ကောရဲ့နှုတ်ခမ်းတွေက ခွက်ကို အနည်းငယ်ပွတ်တိုက်သွားပေမယ့် မသောက်ခဲ့ဘူး။စာရွက်ပေါ်ကို အာရုံစိုက်နေပြီး ရည်ရွယ်ချက်မရှိပဲ ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ အကြည့်ကို ထုတ်ဖော်လိုက်တယ်။

"ရှန့်ကောအာ" ယန်ဟွေ့ရဲ့ ခေါ်သံကြောင့် ရှန့်ကောရဲ့ သဘာဝမှိုင်းဝေနေတဲ့မျက်လုံးတွေက စာရွက်ကနေ ယန်ဟွေ့ဆီကို ရွေ့လာတယ်။ယန်ဟွေ့က ခြေလှမ်းအနည်းငယ်ခုန်ကျော်ပြီး ရှန့်ကောဘေးထိုင်လိုက်တယ်။ယန်ဟွေ့က ကျီစယ်လိုက်တယ်: "ဟေး, ယောကျာ်းတွေသာ မင်းလိုအလှလေးကို မြင်မယ်ဆိုရင်, တစ်ခြားမိန်းမကို ဘယ်လိုကြိုက်နိုင်တော့မှာလဲ? ငါသာ ယောကျာ်းဆိုရင်, ငါ့အပေါ်တပ်မက်ဖွယ်ရနံ့တောင် သုံးစရာမလိုဘူး။မင်းဆီက အကြည့်တစ်ချက်နဲ့တင် ချစ်မိသွားပြီ"

ရှန့်ကော က ရယ်မောပြီး: "စကားတတ်နေ။မင်းသာ ယောကျာ်းတစ်ယောက်ဆိုရင်, ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတွေအားလုံးကို လှည့်စားပြီး သူတို့ကို စားပစ်လိမ့်မယ်" ရှန့်ကောက ယန်ဟွေ့ကိုတစ်ချက်ကြည့်လိုက်ပြီး: "ဒီနေ့မင်းရဲ အ‌ဖော်လေးက မမျှော်လင့်ပဲ မင်းနဲ့အတူမရှိဘူးပဲ"

Heart ProtectionWhere stories live. Discover now