Chapter26

203 46 0
                                    

Edited By Ray 🌸
Tian Yao နိုးလာတဲ့အခါ, သူက နူးညံ့တဲ့အိပ်ယာတစ်ခုပေါ်မှာ လှဲနေတာကို သိလိုက်ရတယ်။

------ဒီလိုနူးညံ့ပြီး နွေးထွေးတဲ့အိပ်ယာပေါ်မှာ မအိပ်ရတာ တော်တော်ကြာခဲ့ပြီပဲ။ သူ အချိန်အကြာကြီး လဲလျောင်းနေခဲ့တယ်။ အခန်းအပြင်ဘက်က Yan Huiရဲ့အသံကို မကြားရသေးခင်အချိန်အထိ အဖြစ်အပျက်တွေကို ပြန်တွေးနေမိတယ်။

"ဖက်ထုပ်သုံးပွဲ၊ အစာအများကြီးနဲ့။ အစာပိုထည့်ပေး။ အသားကိုလည်း မလျှော့နဲ့"

"ဟုတ်ကဲ့ခင်ဗျ၊ ဟင်းချို ဒါမှမဟုတ် အသီးအရွက် သုံးဆောင်ဦးမှာလား?"

"တော်ပြီ။ မင်းမှာ အရက်ကောင်းကောင်းရှိရင်, တစ်ပုလင်းယူခဲ့"

စားပွဲထိုးက ခေါင်းငြိမ့်ပြီး ပြန်သွားရင်း လှမ်းအော်လိုက်တယ်။

Tian Yao က ကြိုးစားထကြည့်ပေမယ့် သူလှုပ်ရှားလိုက်တဲ့အခါ ရင်ဘတ်ထဲ စူးရှတဲ့နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ အားကိုးရာမဲ့စွာနဲ့ အိပ်ယာပေါ်ပဲ ပြန်လှဲချလိုက်ရတယ်။ Yan Huiက သူ့လှုပ်ရှားမှုကို ကြားတော့ အခန်းထဲဝင်လာပြီး သူ့ဘေးကို လျှောက်လာတယ်။

သူ့ကို ကြည့်လိုက်ပြီး: "ခေါင်းမာမနေနဲ့။ ငါမင်းကို စစ်ဆေးပြီးသွားပြီ။ အတွင်းဒဏ်ရာတွေရှိနေတယ်, ဒါကြောင့် ရက်အနည်းငယ်လောက် ငြိမ်ငြိမ်လေးလှဲနေရမယ်"

Yan Huiက သူ့ရဲ့ဒဏ်ရာအတိုင်းအတာကို Tian Yao နားလည်အောင်ပြောဖို့ မလိုအပ်ဘူး။ ထွားကြိုင်းတဲ့နတ်ဆိုးအားနဲ့ ရိုက်ချခံလိုက်ရလို့ သစ်ပင်နဲ့တိုက်မိလိုက်တဲ့ သူ့ဒဏ်ရာတွေက အသေးအဖွဲမဟုတ်မှန်း Tian Yaoသိတယ်။ ရုန်းကန်ပြီး ထကြည့်လို့တောင် မရဘူး။ နာကျင်မှုကို ခံနိုင်ရှိနေတဲ့အတွက်ကြောင့်သာ မသိသာပေမယ့် မြစ်ထဲကို ခုန်ချပြီးတဲ့နောက် နာကျင်မှုကို ခန္ဓာကိုယ်က ခံနိုင်စွမ်းမရှိတော့တဲ့အတွက် မေ့မျောသွားခဲ့တယ်။

Yan Huiပြောနေတဲ့စကားတွေကို လိုက်ပြောမနေတော့ဘဲ စကားလွှဲလိုက်တယ်: "တာအိုအောက်က ရှန်းကျင့်ကြံသူတွေက အသားစားတာနဲ့အရက်သောက်တာကို ရှောင်ရတယ်။ မင်းရဲ့ ကျင့်ကြံမှုကို ထိခိုက်မှာ မစိုးရိမ်ဘူးလား?"

Heart ProtectionWhere stories live. Discover now