Chapter17

290 43 0
                                    

Edited By Ray 🍇
Qi Yunရဲ့ အခန်းထဲကနေ Yan Hui ထွက်လာခဲ့တယ်။ သူမ ထွက်လာတဲ့အချိန်နဲ့တပြိုင်နက်တည်းလောက်ပဲ အပေါ် ပိုင်းဗလာကျင်းနေတဲ့ Tian Yao ထပြီးထိုင်နေတာ တွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာလည်း ပတ်တီးတွေအပြည့်ပဲ။

တစ်ယောက်ယောက်ဝင်လာတာ သိလိုက်သလို Tian Yao က မော့ကြည့်လိုက်တယ်။ သူ့အကြည့်တွေက အံအားသင့်ခြင်းမရှိပဲ Yan Huiမျက်လုံးတွေနဲ့ ဆုံသွားခဲ့တယ်။

Yan Hui သူမနှလုံးခုန်သံ ဒုတ်ကနဲကြားလိုက်ရပြီး စက္ကန့်ဝက်လောက် အသက်ရှူရပ်သွားတယ်။ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု မြင်လိုက်ရတယ်, Tian Yaoရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်ပြီး စီးဆင်းနေတယ်။ သူ့အရိုးစုရဲ့ ကောက်ကြောင်းကိုတောင် မြင်နေရတယ်။ လှိုဏ်ဂူထဲမှာ တွေ့ခဲ့ရတဲ့ ရေခဲကန်ထဲက နဂါးအရိုးစုတွေဆီကနေ ဖြာထွက်လာတဲ့ ရွှေရောင်အလင်းတန်းတွေနဲ့ အတူတူပဲ။

ဒါပေမယ့် ထူးဆန်းတာက, ဒီတောက်ပမှုကို သူမတစ်ယောက်တည်း မြင်နိုင်တဲ့ပုံပဲ။ ကပ်လျက်မှာ ဆေးဘူးတွေသိမ်းနေတဲ့ မြွေနတ်ဆိုးက မော့တောင်မကြည့်ဘူး။

Yan Huiလည်း စကားတစ်ခွန်းမှမပြောဘူး။ စားပွဲဘေးမှာပဲ ထိုင်လိုက်ပြီး : "မင်းနိုးလာပြီဆိုတော့, Qi Yunကို မြန်မြန်ကုသပေးသင့်ပြီ။ နှောင့်နှေးမနေနဲ့"။ အေးနေတဲ့ရေနွေးကြမ်းတွေကို ခွက်ထဲလောင်းထည့်လိုက်တယ်။ "နောက်ပြီး, ငါတို့နှစ်ယောက်က တစ်ယောက်မြင်ကွင်းထဲတစ်ယောက် သည်းခံရပ်နေနိုင်တာမဟုတ်ဘူး"

Tian Yaoရဲ့ အကြည့်က မှုန်ကုပ်နေတယ်။ သူ့ရဲ့အသံက ကြမ်းရှနေပေမယ့်, အေးဆေးတဲ့လေသံနဲ့ပြောလိုက်တယ်: "မင်း အခုပြောလိုက်တာတွေက မှားနေတယ်"

သူမအပေါ် ဒုက္ခပေးတော့မယ်လို့ သွယ်ဝိုက်ပြောနေတာလား ဒါမှမဟုတ် သူမအတွက် သူ့မှာ အခြားအစီအစဉ်ရှိတာလား?

Yan Huiက ရေခွက်ကို လေးပင်စွာ ချလိုက်ပြီး Tian Yao ကို ကြည့်လိုက်တယ်။

မြွေနတ်ဆိုးက ဆေးဘူးသိမ်းလို့ ပြီးသွားတော့ မတ်တပ်ရပ်ပြီး ပြောလိုက်တယ်: "သူ့ရဲ့အတွင်းအားတွေက ပရမ်းပတာဖြစ်နေတုန်းပဲ။ ဒီနေ့ည သူ ဆက်ပြီးအနားယူဖို့လိုလိမ့်မယ်"။ ဒါပေါ့.. မြွေနတ်ဆိုးက Tian Yao အတွက်တကယ်စိတ်ပူနေတာမဟုတ်ဘူး။ Tian Yaoရဲ့ဖရိုဖရဲအတွင်းအားနဲ့ Qi Yunကို အပြည့်အဝမကုသပေးနိုင်မှာပဲ စိုးရိမ်နေတာ။ အဲ့ဒါက ပြဿနာဖြစ်သွားနိုင်တယ်။

Heart ProtectionWhere stories live. Discover now