Chapter 22

237 38 0
                                    

Edited By Ray 🌸 
ထောင်လုတောင်က တောင်‌ပေါ်ရွာလေးကနေ သူမ ထွက်လာခဲ့မိတာ တော်တော်ကံကောင်းတယ်လို့ Yan Hui တဒင်္ဂလောက်တွေးနေခဲ့တယ်။

မဟုတ်ရင်, ဒီ ရပ်တန့်ဖို့မဖြစ်နိုင်တဲ့ နတ်ဆိုးအုပ်လိုက်ကြီး ပြေး၀င်လာတဲ့အခါ ရွာသူရွာသား‌တွေဘယ်လောက်တောင် သေလောက်အောင်ကြောက်နေကြမလဲ။

Yan Hui သူမကို ပိုပြီးတင်းကျပ်စွာဖက်ထားနိုင်အောင် Tian Yaoရဲ့ ရင်ခွင်ထဲကို ကျုံ့၀င်လိုက်တယ်။ တိုး၀င်လာတဲ့ Yan Huiကို Tian Yao ကြည့်လိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းတွေက ကွေးသွားပေမယ့် တခြားဘာလှုပ်ရှားမှုမှမလုပ်ဘူး။

မြစ်ကမ်းဘေးကနတ်ဆိုးတွေက ခဏလောက် ရှာနေခဲ့ပေမယ့် ဘယ်သူ့ကိုမှမတွေ့ခဲ့ဘူး။ တစ်ယောက်ပြီးတစ်ယောက်, ရေစုန်ကို ဦးတည်သွားကြတယ်။ နတ်ဆိုးစစ်တပ်ကနေ အများစုထွက်သွားတာ သိပ်မကြာ‌ခင်မှာပဲ,

မြစ်ကမ်းစပ်က အနက်ရောင်အရိပ်တွေက ကျဲလာတယ်။ တစ်ယောက်ပဲကျန်တော့တယ်, Tian Yao နဲ့ Yan Hui ရှိတဲ့အနီးမှာ။ ရနံ့ကိုရှာ‌‌နေတုန်းပဲ။ မြစ်အတွင်းကလူနှစ်‌ယောက်က အဲ့ဒီအရာကို သေချာကြည့်နေခဲ့တယ်။

နောက်ဆုံးတော့, နတ်ဆိုးက ထွက်ခွာပြီးဖြစ်တဲ့နတ်ဆိုးတပ်ဆီ ဦးတည်ထွက်သွားတဲ့အချိန်မှာ, Tian Yao ကိုင်ထားတဲ့ကျောက်တုံးက ရုတ်တရက် ရေအောက်ကြမ်းပြင်ကနေ ကျွတ်ထွက်သွားတယ်။ ပူစီ‌ဖောင်းစီးကြောင်းတစ်ခု ရေမျက်နှာပြင်ပေါ် ပွက်ပွက်ထသွားတယ်။

Tian Yaoက သူတို့ကိုယ်သူတို့ကျောက်ချဖို့ အခြားကျောက်တုံးတစ်ခုကို အမြန်ဆုပ်ကိုင်လိုက်တယ်။ ဒါပေမယ့်, မျက်နှာပြင်ကိုဦးတည်သွားတဲ့ပူ‌စီဖောင်းတွေကို တားဖို့တော့နောက်ကျသွားပြီ။

ပူစီဖောင်းတွေက မျက်နှာပြင်‌ရောက်တဲ့အခါ "ဖောက်" ဆိုတဲ့အသံလေးနဲ့ ပျောက်ကွယ်သွားတယ်။

ညကောင်းကင်ယံအောက်မှာ, ဘယ်သူမှမကြားနိုင်လောက်တဲ့အထိ အရမ်းတိတ်ဆိတ်‌နေတယ်။ ဒါပေမယ့် နတ်ဆိုးနားက လှုပ်သွားတယ်။ ရေမျက်နှာပြင်မှာ ပူစီဖောင်း‌တွေပေါက်သွားတာကို ကြည့်ပြီး မျက်လုံးတွေ မှေးလိုက်တယ်။သူက လမ်းစလျှောက်လာတယ်, ခြေတလှမ်း လှမ်းတိုင်း ပိုနီးကပ်လာတယ်။

Tian Yao က Yan Hui ရဲ့ လက်ကိုကိုင်ပြီး စကားလုံးငါးလုံးကို လက်ဖဝါးပေါ် ဖွဖွရေးလိုက်တယ်, "တစ်ချက်တည်းသတ်လိုက်"

သူ ပြောတာ အရမ်းကိုရိုးရှင်းလွန်းတယ်။ Yan Hui ချွေးထွက်သွားတယ်။ ဒီအခြေအနေမှာ သူမ ပါးနပ်ရမယ်, တခြားနတ်ဆိုးတွေကို ဒီနတ်ဆိုးရဲ့သေဆုံးမှုကို သတိပြုမိစေလို့မရဘူး။ နောက်ပြီး, ရေအောက်မှာ အသက်အောင့်ထားရင်း လုပ်ရမှာ။

Yan Hui တွေးကြည့်လိုက်တယ်။ Tian Yaoရဲ့လက်ပေါ်မှာ စိတ်ဆက်သွယ်ခြင်းသင်္ကေတကို ရေးဆွဲလိုက်တယ်: "ဒါက တော်တော်ခဲရင်းတယ်။ အဆင်မပြေရင်, မင်းကိုပဲ ရိုက်ချပြီး ငါ့အသက်အတွက် အသနားခံဖို့ လက်လွှဲပေးလိုက်မယ်။ ငါမင်းကို အခုပြောပြနေတယ်နော်, ဒါကြောင့် နောက်မှ ငါ့ကိုမဖြောင့်မတ်ဘူးမပြောနဲ့"

"......." Tian Yaoက ပေါ့ပေါ့ပါးပါးပြောလိုက်တယ် : "ငါ့ကို ပြောရင်က ဖြောင့်မတ်တယ်လို့မှတ်ယူလို့ရတယ်ပေါ့?"

"အနည်း‌ဆုံးတော့ ငါမင်းကို ကြိုပြောတယ်လေ"

Tian Yaoရဲ့ တုံ့ပြန်မှုကို မစောင့်ပဲ, Yan Hui လက်ဖဝါးထဲ မှော်ပညာကို ငြိမ်ငြိမ်လေးစုစည်းလိုက်တယ်။ သူမခန္ဓာကိုယ်က ဖြည်းဖြည်းချင်းအပူတက်လာတယ်။

Tian Yao က သူ့ရင်ခွင်ထဲကလူ ပိုပြီးပူလာတာကို ခံစားလိုက်ရတယ်, ပူလောင်ပေမယ့် သူ,မလွှတ်လိုက်ဘူး။ ဆန့်ကျင့်ဘက်အနေနဲ့ Yan Huiကို ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်လိုက်တယ်။ ဒီဆူပွက်နေတဲ့အပူကို သူကြိုက်တယ်။

Heart ProtectionWhere stories live. Discover now