Chapter6

382 52 0
                                    

Edited By Ray🍓
သူမ အတွင်းအားတွေ ပြန်ကောင်းလာဖို့ စောင့်နေရင်း, နေ့အချိန်တိုင်းဟာ ငြီးငွေ့စရာကောင်းတယ်။

နေ့ဘက်မှာပဲ ဘာလို့ ပျင်းရတာလဲဆိုတော့....

ဆိုတော့... ညတိုင်း Yan Huiထူးဆန်းတဲ့ အိမ်မက်မက်တယ်။ ကြီးမားတဲ့လရယ် နှင်းတွေဖုံးနေတဲ့တောင်ရယ်ကို မြင်ရတယ်။ ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကို ဂါထာတစ်ခုနဲ့ တင်းကျပ်စွာ ချည်နှောင်ထားတယ်။ မထင်ရှားပေမယ့် ထူးထူးခြားခြားရင်းနှီး‌နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကလည်း ရှိနေတယ်။

ညတိုင်း, သူမ ဒီအိမ်မက်ကိုပဲ မက်တယ်။ တစ်ခါတလေ လူတစ်ယောက်ရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်တယ်လို့ ထင်ခဲ့ပေမယ့် နိုးလာတဲ့အခါ လေပြင်းတိုက်ခံလိုက်ရသလိုပဲ, အရာအားလုံးမရှိတော့ဘူး။ ကျန်ရစ်ခဲ့တဲ့အရာတွေက သူမစိတ်ထဲစုစည်းလို့မရတဲ့ ဝေဝါးနေတဲ့ ပုံရိပ်တွေပဲ။

ရွာထဲက တစ်ခုခုက မစင်ကြယ်နေတာများဖြစ်နိုင်လား?အဲ့အရာက သူမကို ရှာတွေ့ပြီး အိမ်မက်တွေ သယ်ဆောင်လာတာလား?

ဒီလိုဆိုတောင်, သူမကပဲ ဘာလို့မြေပြင်မှာ လဲနေပြီး အသတ်ခံရတာလဲ?

သူမ အဖြေရှာမတွေ့ဘူး။

ဒီရွာကို ရောက်ကတည်းက, သူမနားမလည်နိုင်တဲ့အရာတွေအများကြီးရှိတာကို သိခဲ့တယ်။

ထော့နဲ့နဲ့လူကို စုံစမ်းဖို့ နေ့တိုင်းကြိုးစားခဲ့တယ်, ဒါပေမယ့် A'Fu ဘေးက ထွက်သွားဖို့ကြိုးစားတိုင်း သူက စကားတစ်ခွန်းမှမပြော၊တုပ်တုပ်မှမလှုပ်ပဲကို သူမတားခံလိုက်ရတယ်။

သူက မြွေနတ်ဆိုးမဟုတ်ပဲ အခြားအရာတစ်ခုဆိုတာ Yan Huiသိတယ်။ သူမ ပိုသတိထားတာပဲကောင်းမယ်, သူမ သိတယ်ဆိုတာကို မထုတ်ဖော်ချင်ဘူး။ ကိုယ်ပိုင်ကစားပွဲမှာ ရှုံးနိမ့်ခဲ့ပြီးပြီမို့ အခု သူဘာလိုချင်တာလဲ စောင့်ကြည့်နေလိုက်မယ်။

"သွားကြမယ်။"

ခြံထဲမှာ ပေါက်ပြား ပုခုံးပေါ်ထမ်းပြီး ရပ်နေတဲ့ A'Fuကို သူမ တစ်ချက်ကြည့်လိုက်တယ်။ သန်းလိုက်ပြီး မန်ထိုနဲ့ရေကို ကောက်ယူလိုက်ကာ သူ့ဆီကို လျှောက်သွားလိုက်တယ်။

Heart ProtectionWhere stories live. Discover now