Chapter38

174 34 1
                                    

ယန်ဟွေ့က ဒုတိယနေ့မှာ အိပ်နေခဲ့တယ်။ဒီနေ့ဘာလုပ်မယ်ဆိုတာကို မစဉ်းစားရသေးခင် သူမတံခါးကို အစေခံတစ်ယောက်လာခေါက်တယ်။အစေခံက ရှန့်ကောကို တွေ့ဖို့ သူမကို လာခေါ်ခဲ့တယ်။

ယန်ဟွေ့က အစေခံနဲ့လိုက်သွားဖို့ တံခါး‌‌ဘောင်ကို ကျော်လိုက်တဲ့အချိန်မှာ ဘေးအခန်းတံခါးက ပွင့်လာတယ်။ထျန်းယောင်က အခန်းထဲကထွက်လာခဲ့တယ်။

ဝမ်ယုလော်ကပေးတဲ့အဝတ်အစားတွေက တောင်ပေါ်ရွာတုန်းက သူဝတ်ခဲ့တာတွေထပ် အများကြီးပိုကောင်းတယ်။နဂါးအရိုး‌တွေကိုပြန်ယူပြီးနောက်မှာ, ထျန်းယောင်ရဲ့ ကြံ့ခိုင်မှုအခြေအနေက တစ်နေ့ထပ်တစ်နေ့ပိုကောင်းလာတယ်။သူခန္ဓာကိုယ်က မသန်မာသေးပေမယ့် အနည်းဆုံးတော့ အားနည်းတဲ့ပုံမပေါ်တော့ဘူး။

အကြည့်တစ်ချက်နဲတင်, သူက ကျောက်စိမ်းနဲ့တူတဲ့ အသားအရည်နဲ့ အရပ်မြင့်မြင့်ရည်မွန်တဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုတာ ထင်ရှားတယ်။

ယန်ဟွေ့က သူ့ကိုကြည့်လိုက်တယ်။ချက်ချင်းခေါင်းလှည့်ပြီး သက်ပြင်းချလိုက်တယ်, သူမရင်ဘတ်ကိုတောင် ပွတ်သပ်ရင်း: "ဒီဆေးစုတ်က ဘယ်လိုလုပ်မပျောက်သေးတာလဲ...."

ထျန်းယောင်က သူမပြောတာကြားလိုက်တယ်။သူမျက်လုံးတွေက ယန်ဟွေ့မျက်နှာပေါ်မှာ ခဏလောက် ရပ်တန့်နေခဲ့ပေမယ့် တုံ့ပြန်မှုမရှိဘူး။မေးခွန်းပဲမေးလိုက်တယ်: "ဘယ်သွားမလို့လဲ?"

ယန်ဟွေ့က လှည့်မကြည့်ပဲ: "ငါမင်းကို ထားခဲ့မှာစိုးရိမ်နေတုန်းပဲလား?" သူမက ရပ်လိုက်ပြီး, "ဒါပေမယ့် မင်းအချိန်ကိုက်ရောက်လာတာပဲ။ရှန့်ကောက တစ်ခုခုဆွေးနွေးဖို့ ငါ့ကိုလှမ်းခေါ်တာဖြစ်နိုင်တယ်။အတူတူသွားရအောင်။‌နောက်မှ မင်းကို ပြန်ထပ်‌ပြောရမှာကနေ ငါသက်သာအောင်။

ထျန်းယောင်က ခေါင်းငြိမ့်လိုက်တယ်။သူတို့နှစ်ယောက်က ရှန့်ကောအဆောင်ကို ဦးတည်သွားကြတယ်။

အခန်းထဲရောက်တော့ ကလန့်ကာနောက်ကို သွားလိုက်တယ်။ရှန့်ကောက ထျန်းယောင် ယန်ဟွေ့နဲ့အတူ ဝင်လာတာမြင်လိုက်တယ်။ရှန့်ကောက ဘာမှမပြောဘူး။ယန်ဟွေ့ကိုပဲ စာရွက်ယမ်းပြလိုက်ပြီး: "မနေ့က စုယင့် ရက်အနည်းငယ်အတွင်းပြဿနာတစ်ခုခုရှိလာလိမ့်မယ်လို့ ခန့်မှန်းခဲ့တာ။ဒီလောက်မြန်မယ်မထင်ထားဘူး။ပြဿနာတွေက သူမကိုရှာတွေ့သွားပြီ"

Heart ProtectionWhere stories live. Discover now