Chapter54

244 29 3
                                    

Edited By Ray ❤️
ယန်ဟွေ့ ပိုက်ဆံမရှိတုန်းက, အမြန်ဆုံးနည်းနဲ့ပိုက်ဆံရှိလာဖို့ပဲ နှလုံးသွင်းထားခဲ့တာ။ အခု သူမမှာပိုက်ဆံရှိလာပြီ။ ဒီမြို့မှာပဲ ခြံဝင်းပါတဲ့အိမ်ဝယ်ပြီး ဖက်တီး Zhangဆယ်ယောက်ကို ဟင်းချက်အဖြစ် ငှားလို့ရတဲ့အထိလုံလောက်ပေမယ့် ,ထင်မှတ်မထားတာက ဒီပိုက်ဆံတွေနဲ့ သူမဘာလုပ်ရမလဲကြံမရတော့ဘူး။

ယန်ဟွေ့က ထျန်းယောင်ကို အကောင်းဆုံးတည်းခိုခန်းကို ခေါ်သွားပြီး တည်းခိုခန်းပိုင်ရှင်ကို အကောင်းဆုံးအခန်းပေးခိုင်းလိုက်တယ်။ သူတို့က ပို့ဆောင်သူကို သူတို့အခန်းကိုခေါ်သွားဖို့ စောင့်နေတဲ့အချိန်, တစုံတယောက်က ရုတ်တရက်အော်ခေါ်လိုက်တယ်: "မင်းတို့လည်း ဒီမှာလား!" ချုပ်တည်းမထားနိုင်တဲ့ဝမ်းမြောက်ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်နေတယ်။

အဲ့ဒီအသံကြားတော့, ယန်ဟွေ့ ချက်ချင်းဆိုသလို ခေါင်းက ထိုးကိုက်လာသလိုခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့, ထင်တဲ့အတိုင်းပဲ, ချင်ချိုးအိမ်ရှေ့စံက အဲ့ဒီမှာ ရပ်နေတယ်။

သူက ယန်ဟွေမတွေ့ချင်ဆုံးသူဖြစ်နိုင်တယ်။ ယန်ဟွေ သူ့ကိုကြည့်နေပေမယ့် သူ့ကိုလုံးဝမမြင်ရသလိုပဲ။

မင်းသားရဲ့အစေခံက မင်းသားကို ထိန်းထားဖို့ကြိုးစားပေမယ့် နှစ်ကြိမ်သုံးကြိမ်ကြိုးစားပြီးနောက် အိမ်ရှေ့စံမင်းသားက လွတ်သွားတယ်။ သူက ယန်ဟွေ့ဆီကို တန်းတန်းမတ်မတ်လှမ်းလာတယ်: "ငါ ဘယ်လိုပဲကြည့်ကြည့်, ဒါ မင်းပဲ။ မင်းက ငါ့ကို ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ?"

ယန်ဟွေ့သက်ပြင်းချလိုက်တယ်။ ထိပ်တိုင်ရင်ဆိုင်ဖို့ ကြံစည်ထားတဲ့အချိန်မှာ လူတစ်ယောက်က ဝင်လာခဲ့တယ်။ ယန်ဟွေ့ရှေ့တည့်တည့်မှာပဲ ထျန်းယောင်ရပ်လိုက်တယ်။ မင်းသားလာနေတဲ့လမ်းကို တည့်တည့်ပိတ်ဆို့လိုက်တယ်။

အိမ်ရှေ့စံက အံ့သြသွားတယ်။ ယန်ဟွေ့ရောပဲ။ သူမ အတွေးတွေစုဆောင်းဖို့အချိန်မရသေးခင် လက်ကောက်ဝတ်ပူနွေးသွားတာခံစားလိုက်ရတယ်။ထျန်းယောင်က မထင်မှတ်ဘဲ သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အပေါ်ထပ်ကို ဆွဲခေါ်သွားတော့တယ်။

Heart ProtectionWhere stories live. Discover now