Chapter28

230 39 2
                                    

Edited By Ray 🌸
Yan Hui ချန်ရှင်းတောင်ကနေ နှင်ထုတ်ခံခဲ့ရတဲ့အကြောင်းအရင်းနဲ့ပတ်သတ်ရင် နတ်ဆိုးတွေလွှတ်ပေးခဲ့တာက အဓိကအကြောင်းအရင်းမဟုတ်ဘူး။ အဓိကကတော့ Yan Huiရဲ့ ပေါက်ကွဲတတ်တဲ့ဒေါသကြောင့်ပဲဖြစ်နိုင်တယ်။

မြေခွေးနတ်ဆိုးတွေလွတ်မြောက်သွားမှုကို Ling Feiက စစ်ဆေးခဲ့ပြီးနောက် Yan Huiက တရားခံဖြစ်နိုင်တယ်လို့ အလျင်အမြန်ပဲ ဆုံးဖြတ်ချက်ချခဲ့တယ်။ Yan Hui သေလောက်အောင်အရိုက်ခံရရင်တောင် အံကြိတ်ပြီး သူမဖြစ်ကြောင်းကို ၀န်ခံမှာမဟုတ်ဘူး။

Bai Xiao Lu ပြန်အဖမ်းခံခဲ့ရပြီးတော့ ရက်စက်စွာအပြစ်ပေးခံရပြီးတဲ့နောက်မှာတော့ ကောင်မလေးက Yan Huiဆိုတာ တုန်တုန်ရီရီနဲ့ ၀န်ခံခဲ့တယ်။

Ling Fei က လက်အောက်ငယ်သားတွေကို လူကိုယ်တိုင်၀န်ခံခိုင်းဖို့ Yan Huiကို ထောင်ထဲပြန်ဆွဲခေါ်ခိုင်းလိုက်တယ်။ ဂုဏ်သ‌ရေရှိ ယုံကြည်စိတ်ချရမှုအပြည့်ရှိတယ်လို့ အသိအမှတ်ပြုခံထားရတဲ့ ဆရာတစ်ချို့ကိုလည်း စစ်မေးတာကို ကြည့်ရှုဖို့ ဖိတ်ခေါ်ဖို့လည်း မမေ့ခဲ့ဘူး။

တပည့်တချို့က သူမကို အကျဥ်းထောင်ထဲခေါ်ဆောင်လာခဲ့တဲ့အခါ, အကျဉ်းထောင်ရဲ့အငွေ့အသက်က တရားရုံးခန်းကဲ့သို့ သိမ့်မွေ့စွာတည်ရှိနေတာကို တွေ့လိုက်ရတယ်။

Yan Hui ပတ်ချာလည်ကို ဖျက်ကနဲကြည့်ခဲ့ပေမယ့် Ling Xiaoကို မတွေ့ဘူး။ Ling Feiက သူမရဲ့အမှားတွေကို ကိုယ်တွယ်ဖြေရှင်းဖို့ အပြစ်ပေးဖို့ ဒီအခွင့်အရေးကိုအသုံးချနေတယ်ဆိုတာ Yan Hui ချက်ချင်းသိလိုက်တယ်။

မြေခွေးနတ်ဆိုးမလေးကို အကျဉ်းခန်းထဲချုပ်ထားတယ်။ သူမခန္ဓာကိုယ်က အရိုက်ခံထားရတာကြောင့် ဒဏ်ရာတွေဖုံးလွှမ်းနေတယ်။ Yan Hui မြင်ပြီး လန့်သွားတယ်။ ဒါပေမယ့်, တပည့်တွေနဲ့ဆရာတွေအားလုံးက ဖြစ်နေတာတွေကို သဘောတူတဲ့အပြင် ဖြစ်လာဖို့လည်း မျှော်လင့်ထားသလိုပုံစံပေါ်တာကြောင့် Yan Hui တိတ်တဆိတ်ပဲနေပြီး မတုံ့ပြန်နိုင်ခဲ့ဘူး။

Ling Feiက Yan Huiရှေ့ တည်ငြိမ်စွာရပ်လိုက်တယ်။ သူမ စပြောလိုက်တဲ့လေသံက တင်းမာနေတယ်: "Yan Hui, မင်းက နတ်ဆိုးမျိုးနွယ်တွေနဲ့ ပတ်သက်နေတယ်။ ရှင်းရှူတောင်ထိပ်အကျဉ်းထောင်က နတ်ဆိုးတွေကို လွှတ်ပေးလိုက်တဲ့ မင်းရဲ့အပြစ်တွေကို ၀န်ခံလား"

Heart ProtectionDove le storie prendono vita. Scoprilo ora