Chapter8

342 47 0
                                    

Edited By Ray🍓
Tian Yaoကို Yan Huiတစ်ညလုံး စောင့်ကြည့်နေပြီး လုံး၀မအိပ်ခဲ့ဘူး။ လက်စသတ်တော့, ပထမဆုံးနေ့ကတည်းက သူမအပေါ်အကွက်ချကြံစည်ထားတာပဲ။ တုံးအတဲ့နွားတစ်ကောင်လို ခံစားလိုက်ရတယ်, တစ်ချိန်လုံး သူများထိန်းချုပ်တာခံခဲ့ရတယ်။ ဒေါသတွေ ပွက်ပွက်ဆူထွက်နေပြီ။

မနက်အစောက Tian Yaoနဲ့အတူ ရေကန်ဆီက ထွက်လာခဲ့တယ်။ ခြံ၀န်းငယ်လေးထဲပြန်ရောက်ပြီးနောက်, တခြားဘာကိုမှ ဂရုမစိုက်ပဲ အိပ်ယာပေါ်တက်ပြီး စောင်ကို ခေါင်းအထိဆွဲခြုံလိုက်တယ်,

အဘွားအိုရှောင်က အရမ်းဖျားနေပြီးတော့ အိပ်ယာထဲကနေမထနိုင်ဘူး။ Tian Yaoက သူမဘေးမှာနေပြီး စောင့်ရှောက်နေရတယ်။ Yan Huiကို ဂရုစိုက်‌မနေနိုင်ဘူး။

စောင်ထဲမှာ နွေးထွေးပြီး ဇိမ်ရှိပေမယ့်, ဟိုလှည့်ဒီလှည့်နဲ့ အိပ်မပျော်နိုင်ဘူး။ စိတ်ထဲမှာ Tian Yaoရဲ့ စကားတွေ ပြန်ကြားယောင်နေတယ်။ သူမကို Liang Xiaoက တပည့်အဖြစ်လက်ခံပြီး ကျင့်ကြံဖို့အတွက် Cheng Xingတောင်ကို ခေါ် ခဲ့တာ 10နှစ်တောင်ကြာခဲ့ပြီ။ အဲ့ဒီကာလတလျှောက်လုံး, နတ်ဆိုးတွေအများကြီး မသတ်ခဲ့ရဘူး, ဒါပေမယ့် အများကြီး ကြုံတွေ့ခဲ့ပြီး အခြားလူတွေဆီကနေလည်း မရေမတွက်နိုင်အောင် ကြားသိခဲ့ရတယ်။ အဆုံးမရှိအောင် များပြားတဲ့ အမျိုးအစားတွေကိုပေါ့။

ဒါပေမယ့် နဂါးနတ်ဆိုး‌တွေအကြောင်းပြောရမယ်ဆိုရင်....

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က နဂါးနတ်ဆိုးတွေ.....

တောက်ပတဲ့ အလင်းရောင်က Yan Huiစိတ်ထဲ လက်ကနဲပေါ်လာတယ်။အရင်,ကန်ဘေးမှာတုန်းက, သူမရဲ့အတွေးတွေအရမ်းရှုပ်ထွေးနေတာကြောင့်, မမှတ်မိခဲ့ဘူး။အခု အတွေးတွေ တိတ်ဆိတ်သွားပြီး စဉ်းစားနိုင်တဲ့အချိန်မှာ, တစ်နေရာရာက သူမ ကြားခဲ့ဖူးတာကို ရုတ်တရက်သတိရသွားတယ်။လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က, ကွမ်ဟန်ဂိုဏ်းရဲ့ ခေါင်းဆောင်နဲ့ သူမရဲ့ ဆရာခေါင်းဆောင်, ဆရာအရှင် Qing Guangတို့က ကြီးမားတဲ့နတ်ဆိုးတစ်ယောက်ကို အတူတူသတ်ခဲ့ဖူးတယ်။ နတ်ဆိုးရဲ့ ပုံစံအစစ်မှန်ကိုတော့, တချို့က မြွေလို့ပြောတယ်, တချို့က မြေခွေးလို့ပြောတယ်။ ဇာတ်လမ်းက မသေချာပဲ ရှုပ်ထွေးနေတယ်။ နောက်ဆုံးမှာတော့, အဲ့ဒါက တကယ်ဖြစ်ခဲ့တယ် မဖြစ်ခဲ့ဘူးဆိုတာကို ဘယ်သူမှ သေချာမပြောနိုင်ကြ‌တော့ဘူး။

Heart ProtectionTempat cerita menjadi hidup. Temukan sekarang