အကြီးကဲအားကြည်လိုက်ပြီးနောက် ယဲ့ကျင့်ထန်သည်မုစုအားကြည့်လိုက်ကာ "အရင်ကတော့ပျက်စီးသွားပေမယ့်....ကျမကြိုးစားကြည့်မယ်"ဟုဖြေလေသည်။

ထို့နောက်ယဲ့ကျင့်ထန်သည် အရှေ့သို့ထွက်လိုက်ကာသူမ၏ ညာဘက်လက်ကိုလူတိုင်းရှေ့တွင်မြောက်လိုက်လေသည်။

ယဲ့ကျင့်ထန်၏လက်ဖဝါးပေါ်တွင်မှေးမှိန်သော အလင်းမှုန်လေးများစတင်၍စုစည်းလာလေသည်။

"အတွင်းအားအမြစ်ကိုပြပါ!" ဟုလူတိုင်းသြဘာပေးကြလေသည်။

ထို့နောက်ယဲ့ကျင့်ထန်၏လက်ဖဝါးပေါ်တွင် ထိုအလင်းရောင်လေးများသည်တဖြေးဖြေးစုစည်းလာပြီး အတွင်းအားအမြစ်ကလေးဖြစ်ပေါ်လာလေသည်။ အတွင်းအားအမြစ်ပုံပေါ်လာပြီးထိုအမြစ်ကလေးသည် တောက်ပလန်းဆန်းသောရောင်ဝါများတောက်ပနေလေသည်။

အတွင်းအားအမြစ်ပုံပေါ်လာသည်နှင့် အလင်းရောင်ခုနစ်ရောင်တို့သည်ထိုအမြစ်အားလွမ်းခြုံသွားလေသည်။

အတွင်းအားအမြစ်၏အဆင့်သည် ထိုအမြစ်၏အလင်းရောင်စက်ဝန်း၏အရောင်အပေါ်မူတည်ပြီး အဆင့်ခုနစ်ဆင့်ခွဲခြားထားလေသည်။

သက်တံ့တွင်ပါဝင်သောအရောင်ခုနစ်ရောင်ကိုအခြေခံ၍ အနီ,လိမ္မော်, အဝါ, အစိမ်း, အပြာ, မဲနယ်, နှင့် ခရမ်းရောင် ဟုသတ်မှတ်ထားလေသည်။ သက်တံ့၏အတွင်းဘက်ပိုကျသောအရောင်ရှိသည်အတွင်းအားအမြစ်သည်ပို၍အရည်အသွေးမြင့်လေသည်။

ယဲ့ရို့သည်ယဲ့ကျင့်ထန်ဆီမှ နိုှက်ထုတ်သွားသောအတွင်းအားအမြစ်မှာအရောင်ခုနစ်ရောင်ထဲတွင်ပါဝင်သည့် အပြာရောင်ဖြစ်လေသည်။

ထိုအရောင်အပေါ်တွင်မဲနယ်ရောင်နှင့် ခရမ်းရောင်ရှိနေသေးသော်လည်းထိုနစ်ရောင်မှာနှစ်ပေါင်းထောင်နဲ့ချီကြာလျှင် ပင်ပေါ်ထွက်ဖို့အတွက်အလွန်ခက်ခဲသည်။

အစိမ်းရောင်အတွင်းအားအမြစ်ကိုပင် အလွန်ရှားပါးသည်ဟုပြော၍ရလေသည်။ ထို့အကြောင်းများကြောင့်သာမဟုတ်လျှင် ယွင်ရှောင်းဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်သည် ယဲ့ရို့အားအထူးအခွင့်အရေးပေးကာ တပည့်ရင်းအဖြစ်လက်ခံခဲ့မည်မဟုတ်ပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now