"ဝေါ့...ဝေါ့... အ့...ကျစ် ကျစ် ကျစ် "

"သေလေ ဆန်ပြုတ်တစ်ပန်းကန်လုံးမော့ချမှတော့ အရင်ရက်က အစားမစားထားတဲ့နင့်အစာအိမ်က လက်ခံပါ့မလား အန်တာတောင်နည်းသေးတယ် "

"နင် ငါ့ကို မေတ္တာပို့နေတာလေး ခဏလောက် ရပ်ထားလို့မရဘူးလား စေတနာရှိရင် ရေလေးတစ်ခွက်လောက်ပဲ တိုက်စမ်းပါ ပါးစပ်လေးတော့ပိတ်ထားပေး ငါကြာရင် အသည်းကွဲလို့မရူးဘဲ နင့်ကြောင့် ရူးလိမ့်မယ် "

"ဟွန့် "

ပြတင်းပေါက်ဘေးမှာ ခေါင်းလေးစိုက်ကာ အန်နေရင်း မေတ္တာတွေ ပို့နေတဲ့ ဝင့်လွှာကို ရေခပ်ခိုင်းရသည်။ သူပြောသလို အစာအိမ်က အစာမရှိတာကြာကြီမို့ ရုတ်တရက် အစာရောက်လာတော့ ပြန်အန်ချခြင်းဖြစ်သည်။ ဒါပေမယ့် အများကြီးတော့ မအန်..အနည်းငယ်သာ..

"ရော့..ရေ ဒါသောက်ပြီးရင် အားဆေးပါသောက် ပြီးရင် အိပ်လိုက်အုန်း ကြာရင် နင့်မျက်လုံးက ပန်ဒါတောင်အရှုံးပေးရတော့မယ်
မျက်ကွင်းတွေညိုနေတာများ မီးသွေးခဲသွေးပြီး သုတ်ထားသလားမှတ်ရတယ်  "

ဝင့်လွှာလက်ထဲအသင့်ပါလာတဲ့ အားဆေးတောင့်က်ို သောက်ကာ ကုတင်ပေါ်ပြန်လှဲအိပ်ချလိုက်တော့ ပထမဆုံးပေါ်လာတာ သူမရဲ့မျက်နှာ..

ဒီရက်ပိုင်းအတွင်း ဘယ်လိုမှ မခံစားနိုင်တဲ့ သူမရဲ့ ရက်စက်ပြတ်သားသော အသံတွေဟာ ဇင်ယော့်နားထဲမှာ တဝဲလည်လည် ကြားယောင်နေတာကြောင့် ညဘက်တွေဆို အိပ်လို့မပျော်နိုင်..
မျက်စိမှိတ်လိုက်တိုင်းမှာ ေပါ်လာတဲ့ သူမမျက်နှာကြောင့် အပြေးလေးသွားတွေ့ချင်ပေမယ့် ထိုစိတ်ကူးသည် တိမ်တိုက်အလား
သူမရဲ့ ပြတ်စဲခြင်းတို့မှာ ပျောက်ကွယ်သွားရပြန်သည်။

"ငါ..ငါလေ ဘယ်လိုမှ မခံစားနိုင်ဘူးဟာ သူ..သူငါ့ကို အစားထိုးခဲ့မှန်းသိပါတယ် ဒါပေမယ့်လေ...နည်းနည်းလေး...တကယ့်ကို နည်းနည်းလေးတော့ ငါ့အပေါ် သံယောဇဥ်ထားပြီး ချစ်ခဲ့မယ်ထင်ခဲ့တာ..နင်သိလား..ငါ့ဘဝမှာ သူကပထမဦးဆုံးအချစ်..နောက်ပြီး အချစ်ရဆုံးသူပဲ.. သူအေးစက်သမျှ ငါအကုန်သည်းခံခဲ့တာ သူ့မျက်နှာလေးကို ငေးနေရရုံနဲ့ ငါစိတ်ချမ်းသာခဲ့ရတာ သူကတော့ ငါ့ကို ဒီတိုင်း...ဒီတိုင်း သူ့ဘေးနားမှာ သူလိုချင်တဲ့အရာတစ်ခုကို သိမ်းဆည်းပေးထားတဲ့ သက်မဲ့အရာတစ်ခုလိုပဲ ထင်ခဲ့တာ..ငါ...ငါလေ ဘာမှကို မပြောနိုင်လောက်အောင် စွံအခဲ့တယ်သိလား ဝင့်လွှာ.. ငါ..ဒူးတောင်ထောက်ခဲ့တာ မစွန့်ပစ်ဖို့ ..ဒါပေမယ့် သူ့ဘက်က အရမ်းပြတ်သားလွန်းတယ်ဟာ... ငါဘယ်လို လုပ်ရမလဲဟင် ဝင့်လွှာ.."

Start with Heart And End with Love Where stories live. Discover now