နတ်ဆိုးည အံ့အားသင့်သွားပြီး ပြောလိုက်တယ်။
"နတ်ဆိုးတစ်စုက အင်ပါရီယာနန်းမြို့တော်ကိုသွားနေတာလား? ဒါဆိုရင် မင်းတို့အမြန်လိုက်သွားသင့်တယ်"

တစ်ကယ်လို့ တော်ဝင်နန်းတော််သာကျရှုံးသွားရင် မရေတွက်နိုင်တဲ့ ညဝံပုလွေတိုင်းပြည်ထဲက မြို့တော်တွေပျက်ကိန်းဆိုက်ရပါလိမ့်မယ်။

ဒါက တွေးကြည့်ရုံနဲ့တင် လူတစ်ယောက်ရဲ့နှလုံးသားကို တင်းကြပ်လာစေတယ်လေ။

"ညီအကိုနတ်ဆိုးည… မင်းအကောင်း‌ဆုံးလုပ်ခဲ့ပြီးပြီပဲလေ… မင်းဒီမှာဆက်နေစရာမလိုတော့ပါဘူး… ဒီနေရာနဲ့ အတော်‌တန်ဝေးတဲ့နေရာမှာ မြို့ကြီးတွေရှိတယ်… အဲဒီမှာဆိုရင် အစွမ်းထက်စစ်သည်တွေအများကြီးရှိတာမို့ သာမန်လူတွေကိုခေါ်ပြီး အဲဒီကိုပြောင်းရွှေ့သွားသင့်တယ်"
ချူးယွန် ပြောလိုက်ပါတယ်။နတ်ဆိုးညရဲ့ လုံခြုံရေးကို သူစိတ်ပူတယ်လေ။‌

နောက်တစ်ခါ နတ်ဆိုးမျိုးနွယ်ထပ်ရောက်လာရင် သူကအချိန်မှီရောက်လာချင်မှ ရောက်လာတော့မှာပါ။မဟုပ်ရင် သူက ဒီမှာတစ်ချိန်လုံးရှ်ိနေမှရပါလိမ့်မယ်။

"ဒါဆိုရင် နယ်စပ်မြို့သုံးမြို့လုံး ကျရှုံးသလိုဖြစ်သွားမှာပေါ့"
နတ်ဆိုးည အံကြိတ်လိုက်ပါတယ်။သူဒီလိုမလုပ်ချင်ဘူးလေ။

ဒုဗိုလ်ချုပ်က အမြန်ဝင်ပြောလိုက်ပါတယ်။
"ငါတို့ ဒီမှာဆက်နေတာက ကိစ္စမရှိပါဘူး… ဒါပေမယ့် နတ်ဆိုးမျိုးနွယ်တွေထပ်ရောက်လာလို့ ငါတို့ကလည်းမခုခံနိုင်ရင် ဘယ်လိုလုပ်မလဲ? ဒါဆိုရင် မြို့နေလူတွေအားလုံးသေကြရလိမ့်မယ်"

"ဒုဗိုလ်ချုပ်ချန်ပြောတာမှန်တယ်"
ချူးယွန်ပြောလိုက်ပါတယ်။
"မင်း မြို့ကြီးတစ်မြို့ကိုသွားမယ်ဆိုရင် ငါ မဟာပညာရှိကို လိုက်ပို့ခိုင်းလိုက်မယ်"

နတ်ဆိုးည ခနတွေးပြီးနောက် ခေါင်းညိမ့်လိုက်ပါတယ်။
"ကောင်းပါပြီ… ဒီလိုပဲ လုပ်ရတာပေါ့"

"ဒုဗိုလ်ချုပ်ချန်… သွားပြီးကြေညာလိုက်ပါ… တစ်မြို့လုံး နှစ်နာရီပြည့်တာနဲ့ မြို့ကထွက်ခွာကြမယ်!"
နတ်ဆိုးည ပြောလိုက်ပါတယ်။ဒါက အကောင်း‌ဆုံးရွေးချယ်မှုပဲလေ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now