အခန်း (၉၃) စုန်းပညာ၏စွမ်းအား

Start from the beginning
                                    

“ပြီးတော့ကော” ကျိုးကျစ်ဖုန်းက မေး၏။

ဖန်းကျုံးက ဆက်ပြောတော့သည်။

“စုန်းပညာအကြောင်းပြောရရင် စုန်းပညာရဲ့ အစီအရင်တွေက ကျင့်ကြံခြင်းအဆင့်တွေနဲ့အတူတူပဲ။ သူတို့တွေက ကျင့်ကြံသူတစ်ဦးရဲ့ ချီသွေးကြောတွေကို ဖြည်းဖြည်းချင်း ယိုယွင်းစေပြီး သူတို့ကို ပိတ်ဆို့ထားတယ်။ တကယ်တော့ ကျင့်မင်တာအိုဂိုဏ်းရဲ့ စည်းပိတ်ခြင်းနည်းစနစ်က စုန်းပညာအပေါ် အခြေခံထားတာပဲ”

ကျန်သည့်သူများက ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ဖန်းကျုံးက မဟူရာစစ်သည်တော်များ၏ ကျင့်ကြံဆင့်ကို ပိတ်ရန်အတွက် ထိုမျှယုံကြည်ချက်ရှိပြီး ကူညီပေးချင်ခဲ့တာပဲဖြစ်သည်။

ဖန်းကျုံးက ပြောသည်။ “ဘယ်လိုပဲဖြစ်ဖြစ် စုန်းပညာကို မြန်မြန်ဖြေလေ စတုတ္ထသခင်လေးအတွက်ကောင်းလေပဲ။ ပဉ္စမသခင်မလေးရဲ့ ကိစ္စမှာဆိုရင် သူမရဲ့ကျင့်ကြံဆင့်က အပြည့်အဝအပိတ်ခံလိုက်ရတာ။ မန္တန်ရွတ်ဆိုသူက သေချာပေါက်အနီးကပ်ကနေ ရွတ်ဆိုလိုက်တာပဲဖြစ်မယ်။ ဒါကြောင့် အာနိသင်က ချက်ချင်းပြတာပဲ။ ဒီအကြောင်းပြချက်က ကျွန်တော်တို့တွေ စုန်းပညာကို ဘယ်အချိန်မှာဖြေနိုင်မလဲဆိုတာက ရလဒ်ထွက်လာစေမှာ”

ကျိုးကျစ်ဖုန်းက မေးလိုက်သည်။ “မင်းက စုန်းပညာအကြောင်း အများကြီးသိနေတယ်ဆိုတော့ မန္တန်ကို ပယ်ဖျက်နိုင်တဲ့နည်းကိုမင်းသိလား”

ဖန်းကျုံးက ခေါင်းညိတ်လိုက်သည်။ “မန္တန်ကို ဖယ်ရှားဖို့နည်းလမ်းတစ်ခုအကြောင်း ကျွန်တော် ဖတ်ဖူးသေးတယ်။ အဲဒါက အယုံကြည်ရဆုံးနဲ့ အားအထားရဆုံးနည်းလမ်းပဲ။ မန္တန်ရွတ်ဆိုသူကိုယ်တိုင် မန္တန်ကို ပြန်ဖြည်ပေးဖို့ပဲလိုတယ်။ ဒုတိယနည်းလမ်းကတော့ ဗုဒ္ဓဝါဒအရ ဇန်ကိုကျင့်ကြံတဲ့နည်းလမ်းနဲ့ ဒါမှမဟုတ် တောက်ကျင့်စဉ်တွေကို ကျင့်ကြံတာပဲ။ ခံရသူရဲ့ကျင့်ကြံခြင်းအခြေခံက မန္တန်ရွတ်ဆိုသူရဲ့  ကျင့်စဉ်ကို ကျော်လွှားသွားပြီ ဆိုတာနဲ့ နစ်နာသူက မန္တန်ပယ်ဖြတ်ပြီးသားဖြစ်တာလေ။ ဒါပေမဲ့ ဒီနည်းလမ်းက မဖြစ်နိုင်ဘူး။ ပြောရရင် တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံဆင့်က အပိတ်ခံထားရတဲ့ အခြေအနေမှာ ဘယ်လိုများဆက်ကျင့်ကြံ နိုင်မှာလဲ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now