ဒဝမ်ထျန်းယောင်သည်သူ၏မျက်ခုံးများကို မပျော်ရွှင်စွာကြုပ်လိုက်လေသည်။

အရှေ့သိုထွက်လာကာ အကြီးကဲသည် "အိမ်တော်သခင်ကမနေ့ကကိစ္စနဲ့ပက်သက်ပြီးထိတ်လန့်နေလို့ပါ။ သေချာပြန်ပြီးမကောင်းသေးလို့ စိတ်တွေရှုပ်ထွေးတွေဝေနေတာလို့ကျုပ်ယူဆတယ်။

စောစောနားဖို့လိုအပ်တယ်။ ဒုတိယအကြီးကဲကိစ္စကိုဖြေရှင်းပြီးရင် ယဲ့အိမ်တော်ကိုပြန်ခေါ်သွားပေးပြီးပြန်ကျန်းမာလာအောင်ပြုစုပါ့မယ်။ အခုတော့ကျုပ်သင့်ရဲ့တာဝန်ကိုကူထမ်းပေးမှာဖြစ်လို့ သိပ်ပြီးတော့ခေါင်းထဲမထည့်ပါနဲ့" ဟုပြောလေသည်။

ထို့နောက်တွင်အကြီးကဲသည်ချက်ချင်း ဒဝမ်အိမ်တော်မှအကြီးကဲမှားကိုကြည့်ကာအချက်ပြလိုက်လေသည်။အကြီးကဲသည်ဒဝမ်အိမ်တော်မှ အကြီးကဲများအား ဒုတိယအကြီးကဲကိုကိုင်ကွယ်ရန် အစကတည်းခေါ်ဖိတ်ထားသည်ဖြစ်သောကြောင့် အကြီးကဲအချက်ပြလိုက်သည်နှင့် ချက်ချင်းတိုက်ခိုက်ကြလေသည်။

ဒုတိယအကြီးကဲ၏မျက်လုံးများမှာ ဒေါသများဖြင့်ပြည့်နက်သွားပြီး သူလက်များကိုမြောက်လိုက်ကာထိုသူများကို ကြောက်ရွံ့ခြင်းမရှိပဲပြန်တိုက်ခိုက်လေသည်။

ယဲ့လင်းသည်အကြီးကဲမှ ယခုလိုပေါ်ပေါ်တင်တင်ယုတ်မာလိမ့်မည်ဟုလုံးဝမမျှော်လင့်ထားပဲ သူသည်ဒဝမ်အိမ်တော်မှ အကြီးကဲများကိုတိုက်ခိုက်ရန်ထွက်လိုက်လေသည်။

"အဖေ၊ အဖေရဲ့ကျန်းမာရေးကကောင်းတာမဟုတ်ဘူးလေ။ အဖေကိုယ့်ကိုယ်ကိုအရမ်းအားမသုံးတာကောင်းပါတယ်အဖေ။ အကြီးကဲနဲ့ဒဝမ်အိမ်တော်ကအကြီးကဲတွေကဒီကိစ္စကိုဖြေရှင်းပါလိမ့်မယ်"ဟုယဲ့ရွှန်းသည်ယဲ့လင်းရှေ့တွင်တားဆီးပိတ်၍ထားလေသည်။

"ဖယ်စမ်း။ ငါမှာမင်းလိုသမီးမျိုးမရှိဘူး" ယဲ့လင်း၏အသံမှာနိမ့်သွားပြီး ယဲ့ရွှန်းကိုတွန်းထုတ်ရန် လက်ဖြင့်ရွယ်လိုက်လေသည်။

သို့သော်လည်းထိုအချိန်တွင်ဒဝမ်ထျန်းယောက် ထွက်လာကာယဲ့ရွှန်းအားသူအနောက်သို့လက်တစ်ဖက်ဖြင့်ကာလိုက်ပြီး တခြားသောလက်တစ်ဖက်ဖြင့်ယဲ့လင်းအားကာတားလိုက်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang