အခန်း (၅၉) အထက်ဆုံးဓား

Começar do início
                                    

တည်းခိုခန်းထဲရှိ အရာအားလုံး စားပွဲများ၊ ကုလားထိုင်များနှင့် အပေါ်ထပ်ရှိ ပစ္စည်းများတောင် တပြိုင်နက်တည်း လှုပ်ခါသွားသည်။ စွမ်းအင်လှိုင်းက အနည်းငယ်ပိုသန်မာလျှင် ဤတည်းခိုဆောင်က မြေကြီးပေါ်ပြိုလဲသွားနိုင်၏။

“နတ်ဒေဝါ နတ်ဒေဝါဦးတည်နယ်ပယ်လား” ဆိုင်ရှင်က တုန်ယင်သွားပြီး သူ့နှလုံးခုန်နှုန်းများမြန်လာသည်။

ယနေ့တွင် သူ၏တည်းခိုဆောင်သို့ အံ့မခန်းပုဂ္ဂိုလ်များ လာလွန်းနေပုံပေါ်၏။ ဆိုင်ရှင်က တွေးလိုက်မိသည်။ သူကဘာပြောရမည်မှန်းမသိ။ ပညာရှင်တစ်ဦးကို ရန်စခဲ့မိသည့်အတွက် သူငိုချင်လာတော့၏။

လူရွယ်၏ မျက်လုံးထဲတွင် အံ့ဩသည့် အရိပ်အယောင်များပြည့်နေသည်။

“ငါ့ရဲ့ ညီအစ်ကိုက သက်ရှိထင်ရှားရှိစဉ်တုန်းက ပညာရှင်တွေကို လေးစားတယ်။ နတ်ဝိဥာဉ်ဝဋ်ကြွေးခြေနယ်ပယ် ကျင့်ကြံသူ တစ်ဦးဖြစ်လာဖို့ စိတ်အားထက်သန်နေခဲ့တာ” သူက တည်ငြိမ်စွာ ပြောလိုက်၏။

“သူလေးစားတဲ့ အရာတွေကို ငါလေးစားတယ်။ ငါ့ရဲ့ညီလေးနဲ့ တစ်ခန်းနေပေမဲ့ ဆိုင်ရှင် ကျန်တဲ့တစ်ခန်းကို ဒီလူကြီးမင်းဆီပေးလိုက်ပါ”

ဆိုင်ရှင်က ထိုစကားကိုကြားသည့်အခါ အပျော်လွန်သွားသည်။ “သိပ်ကောင်းတယ်။ ကောင်းလိုက်တာ” သူသည် အပေါ်ထပ်ရှိ အခန်းများကိုရှင်းလင်းရန်အတွက် အလုပ်သမားများကို အမြန်ခိုင်းလိုက်တော့၏။

သို့သော် လုကျိုးက ခေါင်းခါကာ ပြောလိုက်သည်။ “မလုံလောက်သေးဘူး”

“ဘာများလဲ”

“ငါက နှစ်ခန်းလိုချင်တာ”

“ဒါ ဒါက ပြဿနာမဟုတ်ပါဘူး” ဆိုင်ရှင်က မျက်ရည်ကျလုနီးပါးဖြစ်သွားသည်။

လုကျိုးသည် အခန်းနှစ်ခန်းလိုချင်ရသည့် အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။ ရှောင်ယွမ်အာက ရိုးရှင်းပြီး အပြစ်ကင်းသော မိန်းကလေးဖြစ်သော်ငြား အသက် ၁၆နှစ် ပြည့်ခါနီးပြီ။ ကလေးတစ်ယောက် မဟုတ်တော့ပေ။ သူတို့နှစ်ဦး တစ်ခန်းထဲတွင် နေထိုင်ရန် မသင့်တော်ချေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲOnde histórias criam vida. Descubra agora