ဇင်ယော့်မှာ ဘာလုပ်လို့လုပ်ရမလဲ မသိနေတဲ့အချိန် ထိုငါးယောက်ထဲက အလယ်မှ အသက် ၃၀  ကျော် အမျိုးသားတစ်ယောက်မှ အသံထွက်လာလေသည်။

"နာမည်က ဇင်ယော်နော်"

"ဟုတ် ပါတယ်ခဗျ"

သူကမေးတော့ ဇင်ယော်လည်း ကြောင်တောင်တောင်နဲ့ ပြန်ဖြေရသည်။

"Design နဲ့ကျောင်းပြီးပြီး ကျောင်းမှာ အမြဲ roll 1 ရတယ်နော် scholarship လည်း ရဖူးတာကို ဘာလို့မသွားတာလဲ "

"ရောဂါကြောင့်မို့ပါ.. ကျွန်တော့်မှာ မွေးရာပါနှလုံးရောဂါရှိလို့ ပါ...
အခုတော့ အစားထိုးခွဲစိတ်ပြီးသွားလို့ ကျန်းမာရေးကောင်းသွားပါပြီဗျ "

ကျန်းမာရေးမကောင်းရင် အလုပ်ခွင်ဝင်ခွင့်ရဖို့ ခက်ခဲတာကြောင့် ခွဲစိ တ်မှုပြုလုပ်ပြီးတာကိုပါ ထည့်ပြောလိုက်လေသည်။

"ဪ..ဟုတ်ပါပြီ ဒါဆို ကျွန်တော်တို့ကို ဒီက ဇင်ယော်ရဲ့ စိတ်ကူးထဲက အိမ် ဒါမှမဟုတ် တိုက် ပုံတစ်ပုံ ပုံကြမ်းရေးဆွဲပေးပါ "

ဪ...ဒါကြောင့်မို့ ဒီပုံဆွဲတဲ့ အရာတွေကို လာချပေးထားတာကိုး..သူတို့က ဘွဲ့တွေ အခြားအရာတွေကိုမကြည့်ပဲ တကယ့်လုပ်ရည်ကိုင်ရည်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်မယ့်ပုံ ...ဒါကြောင့်လည်း လူတိုင်း ဝင်ဖို့ခက်တဲ့ကုမ္မဏီဖြစ်နေတာပေါ့..

မိနစ် ၂၀ ကြာပြီးတဲ့နောက်မှာ ဇင်ယော်လိုချင်တဲ့ ပုံစံလေးဟာ အကောင်အထည်ပေါ်လာခဲ့ပြီ..ဆွဲထားတာကတော့ နှစ်ထပ်တိုက်လေးဖြစ်ပြီး ခေတ်မီသလိုလိုနဲ့ ရိုးရှင်းပြီးလှသည်။ နဂိုကတည်းက
ပုံဆွဲတဲ့နေရာမှာ အရမ်းတော်တဲ့ ဇင်ယော့်အဖို့ ဒီလောက်က သိပ်မခက်ခဲပေ..

ဆွဲပြီးတာနဲ့ ခုန ဇင်ယော့်ကို အမေးအဖြေလုပ်တဲ့ အမျိုးသားဆီ လှမ်းပေးပြီးနောက် သူက သွားလို့ရပြီဆိုတာကြောင့် သူ့ဆီပေးခဲ့တဲ့ ဇင်ယော့်ဖိုင်တွဲ ကို လှမ်းယူကာ အပြင်သို့ထွက်လာခဲ့သည်။

ရွှေဇင်ကတော့ သူအခြေအနေမကောင်းကြောင်းပြောပြသည်။
ဇင့်ယော်ကိုလည်း အဆင်ပြေလားမေးတော့ အဆင်ပြေတယ်လည်း မဟုတ် မပြေတာလဘ်းမဟုတ် ကံကောင်းရင်တော့ အလကပ်ရမှာပေါ့..အခုလောလောဆယ်တော့ မနက်ကတည်းက မနက်စာပဲ စားရသေးတဲ့ သူငယ်ချင်းနှစ်ယောက် နေ့လည်တစ်နာရီကျော်နေပြီမို့
စားသောက်ဆိုင်ပဲ ထိုင်ကာ စားကြတော့သည်။ ပြီးမှ အ်ိမ်ပြန်တာပေါ့...

Start with Heart And End with Love Kde žijí příběhy. Začni objevovat