အပိုင်း ၁၈၅

Începe de la început
                                    

ရှရှီပေ လျိုမန်ဟုန်၏ နွေးထွေးမှုကြောင့် အနည်းငယ် ရှက်ရွံ့သွားလိုက်သည်။

ဤအရာက သူတို့ ပထမဆုံးအကြိမ် တွေ့ခြင်းပင်။ လျိုမန်ဟုန်က အခြေအနေကို အရမ်း စိတ်အားထက်သန်နေပြီး သူမကို ရှက်ရွံ့စေသည်။

"ငှားခက..."

"အိမ်ငှားခကို မပြောနဲ့!" လျိုမန်ဟုန်က သူမကို ဖြတ်ပြောလိုက်သည်။ "မင်း ငါ့မှာရှိတဲ့ အိမ်တွေအကုန်လုံးကို ကြည့်ပြီးသွားပြီ မင်းဒီမှာနေရင် အရှူံးမရှိတော့ဘူးပေါ့"

သူမ ဤအိမ်တွေကို အရင်တုန်းက ငှားခဲ့ဖူးပေမယ့် တစ်ချို့သော အိမ်ငှားတွေက ပြဿနာရှာကြသောကြောင့် သူမ သူတို့ကို လွှတ်ပေးလိုက်ခြင်းပင်။ ရလဒ်အနေဖြင့် အိမ်တွေက အလွတ်ဖြစ်နေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။

"ဒီမှာ တစ်ယောက်မှ မနေရင် ဟောင်းသွားလိမ့်မယ် ပြီးရင် မင်း ငါနဲ့ တူတူအပြင်ထွက်လို့ရတာဘဲ ဒါမှမဟုတ်ရင် ကင်းချူနဲ့ လမ်းလျှောက်ထွက်လို့ရတယ် ငါ အဲ့တာကို မင်းအိမ်ငှားခအနေနဲ့ ယူလိုက်မယ်"

ရှရှီပေ လျိုမန်ဟုန်၏ တိုက်တွန်းမှုကြောင့် ခေါင်းသာငြိမ့်ရတော့သည်။

အရင်က ဆိုရိုးအတိုင်းပင်။ ကျေးဇူးပြန်ဆပ်နိုင်ရင် အကြွေးယူဖို့ ဝန်မလေးဘူး။

"အိုကေ ဒုက္ခများခဲ့တာတွေကိုလည်း ကျေးဇူးတင်ပါတယ်!"

"ဒုက္ခမဟုတ်ပါဘူး"

"ဝုဖ် ဝုဖ် ဝုဖ်"

ကင်းချူ သူတို့ပြောတာကို နားလည်ပြီး မြန်မြန်ပင် စိတ်လှုပ်ရှားလာသည်။ ပျော်ရွှင်စွာ အော်ပြီး ကောင်းကင်ထိရောက်သည်အထိ အမြှီးနံ့လိုက်သည်။

ရှရှီပေ ဤနေရာတွင်နေရင် သူ ဤမိန်းမလှလေးကို အချိန်တိုင်းမြင်ခွင့်ရသွားပြီ! ထိုအိုင်ဒီယာက အိပ်မက်ထက်တောင် ကောင်းသေး!

"ကောင်းတယ်! ကျွန်မ အဆင်သင့်ဖြစ်ရင် ပြောင်းလာခဲ့မယ်" ရှရှီပေ ပြောလိုက်သည်။

"ကိုယ် မင်းကို ကူညီပေးမယ်" ချောင်ရန်ကျွယ် ပြောလိုက်သည်။

"အိုကေ ကျေးဇူး ကိုကြီး"

ရှရှီပေ သူ့ကို ကိုကြီးဆိုတာကို လိုလိုချင်ချင်ခေါ်တာကို ကြားတော့ ချောင်ရန်ကျွယ် သူ့နှလုံးသားက အာတာပူစီလို ပျော့အိချိုမြိန်သလိုခံစားလိုက်ရသည်။

"ရတယ် ကိုယ်က အခု မင်းကိုကြီးဖြစ်သွားပြီ"

ရှရှီပေ၏ စိတ်အခြေအနေက အဓိပ္ပာယ်ဖော်ရခက်နေသည်။

သူတို့နှစ်ယောက်က အခုချိန် ဆက်ဆံရေးတစ်ခုရှိလာမယ်ဆိုတာ ဘယ်သူက သိမှာလဲ?

တစ်ယောက်ယောက်ကသာ သူမကို ဒီနေ့မတိုင်ခင် ပြောလာခဲ့ရင် သူမ သူတို့နှင့် စကားများမှာပင်။

အရမ်း ရယ်စရာကောင်းနေတာကို!

သို့ပေမယ့် အခုတော့ ရယ်စရာတစ်ခုက ဖြစ်သွားပြီ....အနည်းဆုံးတော့ သူမ ပစ်ပစ်ခါခါဖြစ်‌မနေဘူးပေါ့။

ဒီနေ့ သူမ လျိုမန်ဟုန်ကို တွေ့ပြီး ကျေးဇူးတင်ချင်ရုံတင်။ သူမ ဤကဲ့သို့ ဖြစ်လာမယ်မထင်ထား။

သူမ ဤနေရာတွင် နေရတော့မယ်....

မှော်ဆန်တဲ့ တိုးတက်မှုကြီးဘဲ!

သူမ မပြောခင် ချောင်ရန်ကျွယ် ပါးစပ်ဟလိုက်သည်။

"အစ်မကြီးဟုန် ကျွန်တော် မြို့တော်ဂျီမှာ ခဏနေမှာ အဲ့တာကြောင့် အဲ့မှာ ‌ခဏနေဖို့ စီစဉ်ထားတယ်" သူ ရှရှီပေ အိမ်ဘေးက အိမ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
.....

ရက်စက်သောနတ်ဘုရားမUnde poveștirile trăiesc. Descoperă acum