အပိုင်း ၁၈၁

Start from the beginning
                                    

သူမ ချောင်ရန်ကျွယ်ကို ရုတ်ချည်းပေါ်လာမယ်မှန်းမမျှော်လင့်ထားသလို သူမကို ကူညီမယ်လို့လည်း မထင်ထား။

"အုပ်ထိန်းခွင့်..." ရှရှဟိုင် ခဏလောက် ကြောင်အသွားသည်။ "အဲ့လိုထင်တာဘဲ?"

သူ ထိုအရာတွေနှင့် သိပ်မရင်းနှီး။ သူ ရှရှီပေကို အရင်တုန်းက ဂရုစိုက်ခဲ့တာမှမဟုတ်တာ။

ချောင်ရန်ကျွယ် သူ့ဘေးက ရှေ့နေကို ကြည့်လိုက်သည်။

ရှေ့နေက ခေါင်းငြိမ့်လိုက်သည်။ "သူမရဲ့ အုပ်ထိန်းခွင့်ကတော့ ကျုပ်တို့ ဒီလို လုပ်လို့ရတယ်...."

အတို‌ချုပ်ပြောရရင် အုပ်ထိန်းခွင့်က အခြားသူဆီပြောင်းလို့မရပေမယ့် အုပ်ထိန်းသူကတော့ ပြောင်းလို့ရသည်။

ရှေ့နေ၏ ရှင်းပြချက်ကို နားထောင်ပြီး ချောင်ရန်ကျွယ် ရှရှီပေကို ကြည့်လိုက်သည်။

"မင်း ဘယ်လိုထင်လဲ?"

ရှရှီပေတွင် ရောထွေးသော ခံစားချက်တွေ ရှိနေပေမယ့် ဤအရာက အဖိုးတန်သော အခွင့်အရေးဆိုတာ သူမနားလည်သည်။

ဒီနေ့ သူမ၏ ရည်ရွယ်ချက်က သူမနှင့် ရှရှဟိုင်ကြားက ကိစ္စကို လူထုကို ဖွင့်ချပြီး သူတို့က မတည့်ဘူးဆိုတာကို လူတွေကို သိစေချင်ရုံတင်။

အုပ်ထိန်းခွင့်နှင့် အုပ်ထိန်းသူကိစ္စကတော့....သူမ အနာဂတ်တွင် ဘယ်လိုလုပ်ရမလဲဆိုတာကို နည်းလမ်းရှာမည်။

မထင်မှတ်စွာပင် ချောင်ရန်ကျွယ် သူမအစား ပြောပေးသွားသည်။

"ကောင်းပြီ" ရှရှီပေ ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မတို့ အဆက်အဆံမရှိနေမှတော့ အုပ်ထိန်းသူလည်း ပြောင်းသင့်တယ်"

"ဟုတ်ပြီ" ချောင်ရန်ကျွယ် ခေါင်းငြိမ့်ပြီးနောက် ရှေ့နေကို ဆက်ပြောဖို့ အချက်ပြလိုက်သည်။

ရှရှဟိုင် နောက်ဆုံးတော့ နားလည်သွားသည်။ သူတို့ ဒီနေ့ ရှရှီပေရဲ့ အုပ်ထိန်းခွင့်အတွက် လာကြတာဘဲ!

သူ သူမအတွက် အတိတ်တုန်းက လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပေမယ့် အုပ်ထိန်းသူ ပြောင်းပြီးသွားရင်တော့ သူ သူမကို ထိန်းချုပ်လို့ ရမှာမဟုတ်တော့ဘူး။

ဒါပေါ့ အခုတော့ ရှရှီပေက သူ့ကို ထိန်းချုပ်လို့ရနေတာပေါ့။

သူ ရင်ထဲတွင် ဒေါကန်နေပမယ့် သူ ထုတ်ပြောလို့ မဖြစ်။

သူ အာခံရဲရင် ထောင်ထဲ နှစ်တော်တော်ကြာကြာနေနေရမှာ!

ရှရှီပေက ၁၇နှစ် ရှိပြီး မိဘမဲ့တွေနှင့် မတူပေပေမယ့်လည်း ပညာရှင်တွေသာ ပြဿနာတွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းရင် ကြည့်စရာတွေ အများကြီးရှိနေသည်။

ဖြည်းဖြည်းချင်းဖြင့် ချောင်ရန်ကျွယ်၏ အန်တီတစ်ယောက်က ရှရှီပေ၏ အုပ်ထိန်းသူ ဖြစ်လာသည်။

ထိုမိန်းမက အသက် လေးဆယ်နီးကာ ‌ကလေးမရှိ ကွာရှင်းထားသည်မှာ နှစ်ကြာနေပြီး အလုပ်အကိုင်ကောင်းသည်။

ထို့ကြောင့် သူမက ရှရှီပေ၏ အုပ်ထိန်းသူဖြစ်ဖို့ ဘာပြဿနာမှ မရှိ။

မကြာခင်ပင် ရှေ့နေက အကုန်လုံးကို ကိုင်တွယ်ပြီးသွားပြီ။

သူ စာရွက်ပေါ်တွင် ထိုးလိုက်သည့် လက်မှတ်ကို ကြည့်ပြီး ရှရှဟိုင် မိန်းမောသွားသည်။

ဒါဆို...ပြီးသွားပြီပေါ့?

"ဂရုစိုက်!" ချောင်ရန်ကျွယ် သူ့ကို အေးစက်သော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူ သူ့ကို ရှရှီပေ၏ အဖေတစ်ယောက်ကဲ့သို့ သဘောမထား။

ရှရှဟိုင်နှင့် လျိုလီရှင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့မျက်နှာတွေက ဖြူစုတ်သွားကြသည်။

ချောင်ရန်ကျွယ် ရှရှီပေကို ကြည့်လိုက်သည်။

"ကိုယ် မင်းကို မင်းရဲ့ အုပ်ထိန်းသူကို တွေ့ဖို့ ခေါ်သွား‌ေပးမယ်"
......

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now