အပိုင်း ၁၇၈

Start bij het begin
                                    

ထိုအတွေးက သူ့ကျောရိုးကို စိမ့်သွားစေသည်။ ဘယ်သူက စီအီးအိုချောင်ကို ဒီကို ခေါ်လာတာလဲ?

လူတွေ အကုန်လုံးကလည်း ချောင်ရန်ကျွယ်ကို အံ့အားသင့်စွာဖြင့် ကြည့်နေသည်။

သူဝတ်ပုံနှင့် နေပုံထိုင်ပုံက အခြားသူများနှင့် မတူတော့တာ မထူးဆန်းတော့။ သူ့အဆင့်အတန်းက ကွာခြားသည်!

ဟုတ်နေပါပြီ ငယ်ရွယ်ပြီး သူက ချမ်းသာသော သူကြွယ်တစ်ယောက်၏ သားဖြစ်ရမည်။

ဘယ်မျိုးဆက်နေနေ သူက ထူးချွန်တာဘဲ!

ကံကောင်းစွာဖြင့် ရှရှီပေက လွဲလို့ ငယ်ရွယ်သော မိန်းကလေးများမရှိ။ အသက်လေးဆယ်အရွယ် မိန်းမကြီးတွေ ယောက်ျားကြီးတွေဘဲ ရှိ‌တာကြောင့် အုတ်အော်သောင်းနင်းသိပ်မဖြစ်။

အေးစက်သော မျက်လုံးများဖြင့် ချောင်ရန်ကျွယ် ရှရှဟိုင်ကို မတူမတန်သလို ကြည့်လိုက်ပြီး သူ့အသံက မာနထောင်လွှားကာ မေးလိုက်သည်။ "ဒါဆို ခင်ဗျားက ရှရှဟိုင်လား?"

"ဟုတ်တယ် ဟုတ်တယ်!" ရှရှဟိုင် မဝံ့မရဲ ခေါင်းငြိမ့်လိုက်ပြီး ဘာလုပ်ရမှန်းမသိတော့။

သူ ချောင်ရန်ကျွယ်ကို ကိုယ်တိုင် တွေ့ရမယ်လို့ အရင်က မတွေ့ခဲ့ဖူးဘူး။ ထို့အပြင် ဤအချိန်မှာ တွေ့ရသည်မှာ ကို့ရို့ကားယားဘဲ!

"ဒါဆို ကျုပ်တို့ လူမှန်ကို ရှာတွေ့ပြီဘဲ"

ချောင်ရန်ကျွယ် ဝတ်စုံဝတ်ထားသည့် အခြားသူများနှင့် ကွဲပြားသည့် သက်လတ်အရွယ်ယောက်ျားကို ကြည့်လိုက်ကာ သူ့ကို တစ်ခုခုပြောလိုက်သည်။ ထိုလူက ရှေ့ထွက်ကာ ရဲနှင့် စကားထွက်ပြောသည်။

မကြာခင်မှာပင် သူ ခေါင်းငြိမ့်လိုက်သည်။ "အစည်းအဝေးခန်းထဲ ပြောရအောင်"

အခြားသူတွေ ချက်ချင်း စိတ်ဝင်စားသွားကြသည်။ သူတို့ အစည်းအဝေးခန်းထဲ ဘာတွေ ပြောကြမှာလဲ?

ဘာဘဲ ဖြစ်ဖြစ် သူတို့ စိတ်ဝင်စားနေကြပေမယ့်လည်း စကားတစ်ခွန်းမဟရဲ။ ပြောရရင် ချောင်ရန်ကျွယ် အပြုအမူနှင့် အဆင့်အတန်းက ထူးခြားသည်။

"အထဲဝင်ခဲ့" ချောင်ရန်ကျွယ် ဘေးတွင် တိတ်တိတ်စွာ ရပ်နေသော ရှရှီပေကို ပြောလိုက်သည်။

အစက ရှရှီပေ အံ့ဩသွားသည်။ ထို့နောက် သူမခေါင်းငြိမ့်ကာ သူတို့နောက် အထဲကို လိုက်သွားသည်။

သူတို့ အခန်းထဲရောက်တော့ သူတို့၏ ထိုင်ခုံနေရာက ရှင်းရှင်းလင်းလင်း သိသာမြင်သာသည်။

ချောင်ရန်ကျွယ်နှင့် သူ့အဖွဲ့က အခန်း၏ တစ်ဖက်တွင် မတ်တပ်ရပ်နေပြီး ရှရှဟိုင်နှင့် လျိုလီရှင်းတို့က တစ်ဖက်တွင်ဖြစ်သည်။

ရှရှီပေကတော့ အလယ်တွင် မတ်တပ်ရပ်နေသည်။

ရှရှီပေ ချောင်ရန်ကျွယ်ကို သံသယရှိစွာ ကြည့်လိုက်ပြီး သူဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ မသေချာ။

သေသေချာချာ ထိုင်ပြီးတော့ ချောင်ရန်ကျွယ် ဘော့စ်ဖုန်းကို စကားပြောဖို့ အချက်ပြလိုက်သည်။

"ရှရှဟိုင် မင်း ကုမ္ပဏီမှာ အလုပ်လုပ်တာလည်း နှစ်တွေ အများကြီး ကြာပြီ အငယ်ပိုင်းဖြစ်ပေမယ့်လည်း တာဝန်သိစိတ်တွေ အများကြီးရှ်ိတယ်..."

သူ့စကားတွေက ရှရှဟိုင်ကို တုန်ခါစေသည်။ သူ ဤစကားတွေက ကောင်းမွန်သော လမ်းကြောင်းကို မသွားသည်ကို ခံစားချက်ရနေသည်။

ထင်သည့်အတိုင်းပင် ဘော့စ်ဖုန်း နာကျင် ကြေကွဲသော အကြည့်ကို ချက်ချင်း မျက်နှာပေါ်တင်လိုက်သည်။ "ဒါပေမယ့် မင်း ဒီလို ကိစ္စမျိုးကို လုပ်မယ်လို့ ငါ မထင်ထားဘူးကွာ!"

ရှရှဟိုင် နှလုံးခုန်ချက်လွတ်သွားပြီး သူ့မျက်နှာက ‌ဖြူဆုတ်သွားသည်။

"ရှရှဟိုင် ငါ‌တို့တွေ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတာလည်းကြာပြီ အခု မင်းဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ရတော့မယ်" ဘော့စ်ဖုန်း သက်ပျင်းချပြီး ပြောလိုက်သည်။

"ငါ..."

"သူ့အပေါ် ဘာလို့ အချိန်ကုန်ခံနေမှာလဲ? ချက်ချင်း ရဲခေါ်လိုက်! ကျုပ်တို့ ရဲစခန်းထဲမှာဘဲဟာ အဆင်ပြေတာဘဲ"

ရှရှဟိုင် ချောင်ရန်ကျွယ်၏ စကားတွေကိုကြားတော့ မေ့လဲတော့မလိုပင်။
.....

ရက်စက်သောနတ်ဘုရားမWaar verhalen tot leven komen. Ontdek het nu