အပိုင်း ၁၇၅

Start from the beginning
                                    

အခုတော့ သူတို့က အိမ်ကြောင့် ဇာတ်လမ်းထွင်လာကြသည်....

"သူတို့က လုံးဝ အသည်းနှလုံးမရှ်တာဘဲ!" လူတွေက တူညီစွာ အော်လိုက်ကြသည်။

"တကယ်တော့...သမီး သူတို့ကို အပြစ်မတင်ပါဘူး" ရှရှီပေ နှုတ်ခမ်းကို ကိုက်ကာ သူမမျက်လုံးတွေက ရဲနေသည်။ "သူတို့မှာလည်း သူတို့ ကိုယ်ပိုင် မိသားစုရှိတာဘဲ သမီး မနှောင့်ယှက်သင့်ပါဘူး...."

"ဘာတွေပြောနေတာလဲ!" သက်လတ်အရွယ် မိန်းမကြီးက ဒေါသကြောင့် သူမကို ဖြတ်ပြောလိုက်သည်။ "သူတို့က မင်းကို အစကတည်းက ယူဖို့ ဆုံးဖြတ်ထားရင် သူတို့မှ မင်းကို ကောင်းကောင်းပျိုးထောင်ဖို့ တာဝန်ရှိတယ်! မင်း အသက်နှစ်ဆယ်အထိ ကျွေးမွေးထားတာကို ဘေးဖယ်ထားလိုက် သူတို့ အနည်းဆုံးတော့ မင်းကို လူကြီးတစ်ယောက် ဖြစ်တဲ့အထိ ဂရုစိုက်ရမှာလေ!"

"ဟုတ်တယ်! မင်းက တစ်လ ယွမ် တစ်ရာ နှစ်ရာနဲ့ ဘာဝယ်လို့ ရမှာလဲ?" အသက်နှစ်ဆယ်အရွယ် လူငယ်လေးက တူညီ စွာ ဒေါသထွက်နေသည်။

"မှန်တယ်! သူတို့က သူတို့က လုံးဝကို နှလုံးသား မရှိတာ မင်းသူတို့ကို ဂရုစိုက်ဖို့ မလိုဘူး!" နောက် လူငယ်တစ်ယောက်က လေးနက်သော အပြုအမူဖြင့် ပြောလိုက်သည်။ "သူတို့ကို အိမ်ပေးဖို့ မစဉ်းစားနဲ့!"

"အဲ့တာ...နည်းနည်းများမနေဘူးလား?" ရှရှီပေ ခက်ခဲသော အနေအထားတွင်ရှိနေသည်။ "သူတို့က သမီး မိဘတွေဘဲလေ..."

"သွားလိုက်စမ်းပါ!" လူငယ်လေးက သူမကို စိတ်အနှောင့်အယှက်ဖြစ်ပြီး ဖြတ်ပြောလိုက်သည်။ "မင်းက သူတို့ကို မိဘလို့ သတ်မှတ်ပေမယ့် သူတို့က မင်းကို သူတို့ကလေးလို ဆက်ဆံလို့လား? သူတို့က မင်းကိုတောင် အဆက်အသွယ်ဖြတ်လိုက်သေးတယ်! မင်းတို့က မသက်ဆိုင်နေမှတော့ သူတို့ သေသေရှင်ရှင် မင်း ဘာလို့ ဂရုစိုက်နေဦးမှာလဲ!"

"ဟုတ်တယ် မင်းက သူတို့ကို ညှာတာပြီး ဆက်ဆံနေပေမယ့် သူတို့က မင်းကို အန္တရာယ်ပေးဖို့ လူတောင် ငှားလိုက်သေးတယ်!"

သူတို့က လူကောင်ကြီးကြီး ယောက်ျားတွေ!တစ်ယောက်ယောက်သာ သူမကို ကယ်ဖို့ မလာရင် သူမ ဘယ်လို နာကျင်မှုတွေကိုများ ခံစားရမယ်ဆိုတာ ဘယ်သူသိမှာလဲ?

ပိုပြီး ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတွေ ဖြစ်လာနိုင်တယ်!

"သူတို့ အသိစိတ်ပျောက်ကုန်ကြပြီ အဲ့တာကြောင့် မင်း ဆက်ပြီး ရူး‌မနေနဲ့!"

"ဟုတ်တယ် ကြင်နာတာက အဆင်ပြေပေမယ့် အရမ်း မလွန်စေနဲ့! ကြင်နာတတ်တဲ့လူတွေက ခဏခဏ အနိုင်ကျင့်ခံရတယ်!"

လူတွေက တက်ကြွစွာ သူမကို အကြံဉာဏ်ပေးနေကြသည်။

သူမ သူတို့၏ ကြင်နာသော စကားလုံးတို့ကို နားထောင်ရင်း ကျေးဇူးတင်မှုကြောင့် မျက်ရည်ပူတွေက ရှရှီပေ မျက်လုံးထဲ ပြည့်လာသည်။

"အကုန်လုံးကို ကျေးဇူးတင်ပါတယ်!" သူမ မျက်ရည်များကြားက ပြုံးကာ ကြမ်းတမ်းသော ပုံပြလိုက်သည်။ "သမီးကို စိတ်မပူပါနဲ့ သမီး အခု နားလည်သွားပါပြီ သမီး  မ အ တော့ပါဘူး!"

"မှန်တယ်!"

"အဲ့တာ မင်းဖြစ်သင့်တာဘဲ!"

လူတွေ ရှရှီပေ၏ ပုန်ကန်တတ်တာကို တွေ့ပြီး ကျေနပ်သွားကြသည်။

သူတို့ မျက်ကန်းဖြင့် ‌သိတတ်နေသော ကလေးက သူမ၏ ကိုယ်ပိုင် အသုံးစရိတ်ကို ညှာတာမနေတော့တာကို တွေ့ပြီး သူတို့၏ ကျေနပ်မှုတွေကို စကားနဲ့‌တောင် ဖော်ပြမရနိုင်တော့ဘူး။

သတင်းထောက်က ပျော်ရွှင်မှုနှင့် ဒေါသထွက်မှုတို့ကို တစ်ချိန်တည်းမှာပင် ခံစားလိုက်ရသည်။

မိသားစုဆီက‌ေန ငယ်ငယ်ကတည်းက အချစ်တွေကို လက်ခံမရခဲ့သည့် တိတ်ဆိတ်တဲ့ ကလေးမလေးက လူ့အစည်းအဝေးအပေါ် လက်စားချေသည့် လူမဖြစ်လာသည်က တော်တော် အံ့ဩစရာကောင်းနေပြီ။ သူမက အခြားလူတွေကိုတောင် ကူညီဖို့ လက်ကမ်းလိုက်သေးသည်။

ထိုဇာတ်ခမ်းက သေချာသည့် အတန်းရှင်းလိုအပ်တယ်!

မကြာခင်မှာပင် ထူးဆန်းသော ဇာတ်လမ်းတစ်ပုဒ်က အင်တာနက်ပေါ်တွင် ပေါ်ထွက်လာသည်။
.....

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now