အပိုင်း ၁၇၆

Start from the beginning
                                    

"ငါက အဲ့မှာ ဟုတ်ပြီလား? သူမက တကယ်ဘဲ လှတာ ပြီးတော့ အရမ်းလည်း ကြမ်းသေးတာ! သူမက အဲ့ကောင်ကို တစ်ချက်တည်းနဲ့ မြေကြီးပေါ် ကန်ချလိုက်တာ! သူမက အံ့ဩစရာဘဲ! ဘာဖြစ်သွားလဲဆိုတာ ငါတို့တောင် မသိလိုက်ခင် လူသတ်သမားက မြေကြီးပေါ် လဲနေပြီ"

"ကျေးဇူးပြုပြီး မင်းက ကြွားနေတာဘဲ မင်း ရှိုးလုပ်နေတာလား?"

ကလေးတွေက အဆင်ပြေနေမှတော့ အကုန်လုံး လူယုတ်မာကို ရှုံ့ချပြီးနောက် သူတို့ အာရုံတွေက မိန်းမလှလေးဆီ ရောက်သွားသည်။

သတင်းထဲက ပုံတွေက ကျောင်းဝင်ပေါက်ကို ပြထားပြီး လူသတ်သမားနှင့် ရှရှီပေတို့၏ ပုံတွေကို ပြမထားတာကြောင့် အကုန်လုံးက ဘယ်သူရဲကောင်းက တကယ်ကယ်ခဲ့လဲဆိုတာ စဉ်းစားခန်းဖွင့်နေကြသည်။

အကုန်လုံးက သတင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေတုန်း သတင်းအသစ်တစ်ခု တက်လာသည်။

လူတွေ သတင်းကို နှိပ်ကြည့်လိုက်တော့ သူတို့ မြင်သည့် ပထမဆုံးအရာက မိန်းမလှလေးပုံပင်။

သူမက ကောင်းမွန်သော ပုံပန်းသွင်ပြင်နှင့် ဆယ်ကျော်သက်လေးပင်။ မျက်လုံးဝိုင်းဝိုင်း၊ နှာတံတန်းတန်း၊ ပန်းနုရောင်နှုတ်ခမ်း၊ နူးညံ့ပြီး ကော်လာဂျင်တို့ဖြင်ပ ပြည့်နေသော အသားအရည်.....သူမက လူတစ်ယောက်၏ မျက်လုံးကို တောက်ပသွားစေသည်။

ထိုအချိန်ခဏတွင် သူမ မျက်လုံးထောင့်၌ မျက်ရည်များ ကျန်သေးပေမယ့် သူမ ပါးစပ်တွင် စိတ်သက်သာရာရသွားသည့် အပြုံးတို့ရှိနေသည်။

မျက်ရည်နှင့် အပြုံးတို့ ယှဉ်ကာ အကုန်လုံး၏ နှလုံးသားတွေကို လှုပ်ခတ်သွားစေသည်။

သေသေချာချာကို လူတွေအများကြီး ရှိနေပေမယ့် သူမက လူတွေ ပထမဆုံးမြင်သည့်သူပင်။

"အဲ့ကောင်မလေးက အသက်ရှူမှားလောက်စရာဘဲ! သူမက အနုပညာရှင်လား?"

လူတွေက သတင်းဆီကို ရွှေ့ပြီး ကျန်သည့်အရာတွေကို ဖတ်လိုက်သည်။

သူမက သူရဲကောင်းဘဲ!

"သူမက အရမ်းလှတာဘဲ! သူတို့ သေချာရဲ့လား? အဲ့လို မိန်းမလှလေးက လူကြီးကြီးကို အနိုင်လဲနိုင်တယ်ပေါ့? ငါ့လက်မောင်းတွေက သူမပေါင်တွေထက် ပိုတောင်ကြီးနေသေးတယ်"

"လှလိုက်တာ! သူမက မင်းသမီးပေါက်စတွေထက်တောင် ပိုလှသေး! သူမ အနုပညာဖြစ်ချင်လား? ငါ သူမရဲ့ ပထမဆုံး ပရိသတ်ဖြစ်နိုင်တယ်!"

"အဲ့ကလေးမလေးက အတွင်းရော အပြင်ရော လှတာ သူမက အဲ့လို အန္တရာယ်မျိုးကိုတောင် ကူညီရဲတာဘဲ ငါတကယ်ဘဲ သူမကို လေးစားတယ်! ငါသာဆိုရင် ပြေးနေပြီ!"

"ဒါပေမယ့် သူမရဲ့ ဘဝဇာတ်ကြောင်းက အရမ်း ဝမ်းနည်းစရာကောင်းတာဘဲ! အဲ့လို အရူးမိဘတွေက ဘာလို့ ရှိနေသေးတာလဲ?!"

"ဒါက တကယ်ဘဲ လူ့အဖွဲ့အစည်းဘဲလား? အနုပညာသတင်းတွေလောက် ဒရာမာဆန်နေတယ်!"

"ဘယ်က ဒရာမာဆန်တာလဲ? တစ်ယောက်ယောက်က တော်တာကို ဝန်ခံဖို့ ခက်နေတာလား?!"

ထိုသတင်း၏ အောက်တွင် အမြင်များစွာဖြင့် ကွန်မန့်များရှိနေပေမယ့် အများစုက ရှရှီပေ၏ သတ္တိကို ချီးကျူးကြသည်။

ရှရှီပေ ထိုအချိန် အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေတာကိုမသိ။ သူမ ဤကိစ္စကို အရင် ဖြေရှင်းရမည်ပင်။
.....

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now