Extra 1º

7.6K 678 23
                                    

<Unicode>

Warning =This part contains sexual contents

"တျန်းရန် အကို မင်းရဲ့ကျောင်းကိုကားလွှတ်လိုက််မယ် အဲကားစီးပြီး ကျွင်းဟောက်ဆီအမြန်လိုက်လာခဲ့ပါ"

ဟူသော မင်ကော၏စကားကြောင့် တျန်းရန် စာသင်နေရင်း၌ပင် ထထွက်လာခဲ့ရသည်။

ဖုန်းထဲမှာအလောတကြီးဖြစ်နေပုံရတဲ့ မင်ကောအသံအရ သူ၏ခင်ပွန်းဘာများဖြစ်လို့လည်းဟု တျန်းရန်စိုးရိမ်ပူပန်နေမိသည်။

ဟုတ်ပါတယ် နားကြားမလွဲပါဘူး ။
ကျွင်းဟောက်ဆိုသောလူကြီးက ယခုတျန်းရန်၏ခင်ပွန်းပါ။

ဦးလေးဆီက ခွင့်ပြုချက်ရပြီး နောက်သုံးရက်ပဲ တျန်းရန်တို့လက်ထပ်လိုက်ကြတာဖြစ်ပြီး ယခုဆို နှစ်ဦးသားလက်ထပ်ကြတာ ၂နှစ်ပြည့်ပြီဖြစ်သည်။

ကြီးကျယ်ခမ်းနားတဲ့ တျန်းရန်တို့၏လက်ထပ်ပွဲဟာ Fမြို့တော်ရှိ လူများနှုတ်ဖျား၌ အတော်ပင်နာမည်ကြီးခဲ့လေသည်။

ဦးလေး၏အသိမိတ်ဆွေများနှင့် တျန်းရန်၏အနည်းငယ်သော သူငယ်ချင်းတွေနှင့်ကွဲပြားစွာ သူ၏အနုပညာရပ်ဝန်းက အနုပညာရှင်များစွာ ပွဲကိုတက်ရောက်ခဲ့ကြတာကြောင့် တျန်းရန်တို့၏လက်ထပ်ပွဲ သတင်းဟာ Fမြို့တော်၏ထိပ်တန်းသတင်း၌ ရက်အတော်ကြာနေရာယူနေခဲ့သည်။

တျန်းရန်ကတွေးနေရင်း ကားရောက်လာတာနဲ့ ကားပေါ်အမြန်တက်ပြီး မင်ကောကိုဖုန်းခေါ်ဆိုနေမိသည်။

သို့သော် တျန်းရန်ရောက်ရင်ပြောပြမည်ဟုသာပြောပြီ ဖုန်းပြန်ချသွားတဲ့ မင်ကောကြောင့် တျန်းရန်ပိုစိတ်ပူပန်သွားရသည်။

ဒါ့ကြောင့် သူရှိရာကိုရောက်တာနဲ့ ကားပေါ်ကပြေးဆင်းတော့ အဝေးကပြေးလာနေတဲ့ မင်ကောကို တွေ့လိုက်ရသည်။

"မင်ကော!!.."

"တျန်းရန် မြန်မြန်လာ ကျွင်းဟောက်ဒေါသကထိန်းမရတော့ဘူး "

"ဗျာ သူဘာဖြစ်လို့လည်း"

"အကိုသွားရင် ပြောပြမယ်...လာ"

တျန်းရန်လည်း မင်ကောစကားကို နားထောင်ရင်း သူရှိရာကိုအမြန်သွားမိသည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Onde as histórias ganham vida. Descobre agora