Part 1

22.5K 1.8K 56
                                    

<Unicode>

တျန်းမင်းဆက်။

"နောက်ဆုံးအနေနဲ့ ဘာပြောစရာရှိလည်း ဦးရီးတော်..."

စကျင်ကျောက်တုန်းကြီးတွေ အပြည့်နဲ့ လှပတဲ့ နန်းတော်ရဲ့ ညီလာခံ ခန်းမရှေ့မှာ ရဲရဲတောက် ခန့်ငြားထည်ဝါမှု့တွေအပြည့်နဲ့ လူတစ်ကာ ငေးမောကြည့်လောက်ရအောင် အရာရာ ပြီးပြည့်စုံတဲ့ တျန်းမင်းဆက်ရဲ့ တတိယမြောက် ဆက်ခံတဲ့မင်းကြီးဖြစ်တဲ့ တျန်းချူယွဲ့.....

ညီလာလံခန်းမအရှေ့မှာ တိုက်ခတ်နေတဲ့ လေညင်းနှင့်အတူ ငွေဖြူရောင်ဆံနွယ်တွေနှင့် အဖြူရောင်ဝတ်ဆုံနဲ့ ဒူးထောက်လျက် မျက်စိမှိတ်ကာ ငြိမ်နေတဲ့ ဦးရီတော်ဆိုသူက မင်းကြီးရဲ့စကားကြားတာနဲ့ ခနဲ့ပြုံးပြုံးကာ တျန်းမင်းကြီးအား တစ်ချက်ကြည့်ကာ.....

"ပြောစရာက တစ်ခုပဲရှိတယ်"

ဦးရီးတော်ရဲ့ စကားကြောင့် တျန်းမင်းကြီးရဲ့ စူးရှကာ ထက််မြက်လှတဲ့ မျက်ဝန်းတစ်စုံက စိတ်ဝင်တစား လှုပ်ခတ်သွားလေသည်။

"အစကထဲက မင်းမွေးဖွားမလာခဲ့သင့်ဘူး"

ပြတ်သားလွန်းရဲ့ ငွေဖြူရောင်ဆံနွယ်တွေပိုင်ရှင်ရဲ့ စကားအဆုံးမှာ တျန်းမင်းကြီးက တော်ဝင်ဓားကို ကိုင်ဆောင်လာပြီး လှေကားတစ်ထစ်ခြင်း ဆင်းလာကာ မျက်လုံးမှိတ်ကာ ငြိမ်သက်နေတဲ့ လူရဲ့ ဦးခေါင်းအား ဖြတ်ကာ ဇိဝိန်ချုပ်ပစ်လိုက်လေသည်။

ထိုနောက််မှာတော့ တျန်းမင်းကြီးဟာ တရုတ်အင်ပါယာတစ်ခုလုံးကို အုပ်စိုးနိုင်တဲ့ သမိုင်းမှာ တတိယမြောက််မင်းကြီးဖြစ်လာခဲ့တော့သည်။

**************The End***************

ရှည်လျားလှတဲ့ ဝတ္ထုရှည်ကြီးရဲ့ အဆုံးသတ်အပိုင်းကို ဖတ်ပြီးတဲ့ ပရိတ်သတ်တွေရဲ့ Commentတွေ.......

အားလုံးထဲမှာ ငါအချောဆုံး<3=အားး နောက်ဆုံးတော့ ငါ့ရဲ့မင်းသားလေးက ဟိုအကျင့်မကောင်းတဲ့ ဦးရီးတော်အစုတ်အပြတ်ကို နိုမ်နင်းလိုက်ပြီပေါ့

ဝေဟင်မှာ ပျံသန်းနေတဲ့ အုအုလေး77=ကောင်းတယ် ငါအဲ့ဦးရီးတော်ကို ကြည့်မရနေတာကြာပြီ

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Dove le storie prendono vita. Scoprilo ora