Part 33

10.4K 995 27
                                    

<Unicode>

အသက်ရှုသံပင်ကြားရလောက်တဲ့အထိ တိတ်ဆိတ်ကာငြိမ်သက်နေတဲ့ နားနေခန်း၌ လူလေးဦးတည်ရှိနေလေသည်။

ထိုလူတွေထဲမှာမှ ပြင်းထန်သည့်အရှိန်အဝါတွေကို ထုတ်လွှတ်နေသည့် ကျွင်းဟောက်က ဆိုဖာမှာထိုင်နေရင်း သူ၏လက်တစ်ဖက်က တျန်းရန်၏လက်ဖဝါးလေးအား ဆုပ်ကိုင်ထားလေသည်။

အကြောင်းဟာတော့ မျက်နှာပြင်တစ်ခုလုံး ရဲတက်လာသည့်အထိ ရှက်နေသော သူ၏ချစ်ရသောကောင်လေးကြောင့်ပင်။

တျန်းရန်က အစောပိုင်းအခြေအနေများကြောင့် အခု့ထိမျက်နှာများပင် ပူနေလေသည်။

ထပ်မံအရှက်ရစရာအဖြစ်အပျက်တွေဖြစ်ပြန်ပြီ။

တျန်းရန်က နှစ်ခါစလုံး ပတ်ဝန်းကျင်ကို မေ့လျော့သည်အထိ သူနံဘေးမှလူကြီး၏ အနမ်းများထံ နစ်ဝင်မိခဲ့ခြင်းကို အလွန်ပင်နောင်တရကာ ရှက်ရွံ့နေလေသည်။

မင်ရှန်းက ကျွင်းဟောက်၏အကြည့်များကြောင့် နေစရာနေရာမရှိပဲဖြစ်လာရသည်။

သူနှစ်ခါကြီးတောင် ကျွင်းဟောက်ရဲ့ romanceအခြေအနေကို ဖျက်ဆီးမိသွားတာ။

ပထမတစ်ခါက ကျွင်းဟောက်ရဲ့ ဗီလာမှာ။ဒုတိယတစ်ခေါက်က companyမှာ။

သူတွေ့လိုက်သည့် နှစ်ခါစလုံးကလည်း
ကျွင်းဟောက်က သူ့ကောင်လေးကို ဝါးစား‌ေတာ့မတက် ပူလောင်နေတဲ့ အချိန်တွေကြီးပဲ။

ထိုလူတွေထဲမှာ မရှက်ပဲ လွတ်လပ်နေသူက CEOဆိုသူပင်။

သူက သူများချစ်သူတွေပျော်ရွင်နေချိန် ဖျက်လိုဖျက်ဆီးလုပ်မိသွားတာကြောင့် အားနာသလိုခံစားမိပေမဲ့ သူနှောက်ယှက်လိုက်တဲ့လူက ယန်ကျွင်းဟောက်ဖြစ်နေခဲ့ပြီးနောက််မှတော့ သူ၏အားနာခြင်းများ ပျောက်ဆုံးသွားခဲ့လေပြီ။

ထိုပြင် သူဟာ ထိုအကောင်အားစိတ်အနှောက်အယှက် ပေးလိုက်ရလို့ အလွန်ကိုပျော်ရွင်ကာ တက်ကြွနေလေသည်။

"ကျွင်းဟောက် ငါစိတ်မကောင်းပါဘူး"

စိတ်မကောင်းပါဘူးဟု ပြောသောသူက မျက်လုံးများ မှေးမှိတ်သည်အထိကို ပြုံးရင်စကားပြောနေတော့ အခန်းတွင်း အပူချိန် အစောပိုင်းကာလများထက် ပို၍သိသိသာသာပင် လျော့ကျလာလေတော့သည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now