Part 18

12.1K 1.3K 32
                                    

<Unicode>

မြန်ဆန်စွာပြေးလွှားနေတဲ့ မြင်းကြီးအားစီးနင်းလိုက်ပါရင်း တျန်းရန်၏ နှလုံးသားတစ်ခုလုံး ဆွဲစုတ်သွားမတက် နာကျင်ခံစားနေရလေသည်။

လမ်းတစ်လျောက် မြင်းအားအနားပေးချိန်မှလွဲ၍ တျန်းရန်၂ပတ်နီးပါး ခရီးနှင်လာခဲ့တာဖြစ်သည်။

တျန်းရန်တကယ် သေမတက်ကြောက်လန့်နေတာဖြစ်သည်။

ယွဲ့အာတစ်ခုခုဖြစ်သွားတယ်ဆိုတာ သူစိတ်ကူးထဲတောင် တွေးခဲ့ဖူးတာမဟုတ်ခဲ့ဘူး။

ယွဲ့အာ...ယွဲ့အာက သူ့စီပြန်လာခဲ့မယ်လို့ပြောသွားခဲ့တယ်။

ဒါ့ကြောင့် ယွဲ့အာဘာမှြဖစ်လို့မရဘူး။

အချိန်အတော်ကြာ ခရီးနှင်လာပြီး ညနေစောင်းမှာတော့ တျန်းရန်အဝေးမှာတည်ရှိနေသည့် စစ်စခန်းကိုလှမ်းမြင်နေရပြီဖြစ်သည်။

ဒါ့ကြောင့် သူ၏ကိုယ်ရံတော်နှင့်အတူ စစ်စခန်းရှိရာသို့ အမြန်ရောက်လာခဲ့လေသည်။

"ရပ်စမ်း ဘယ်သူတွေလဲ.."

စစ်စခန်းနားရောက်တာနဲ့ တျန်းရန်စခန်းထဲဝင်မည်အပြု တားဆီးတဲ့အရာရှိကြောင့် စိတ်မရှည်စွာ ကျစ်စုတ်ရင်း သူ၏ခါးမှာချိတ်ဆွဲထားတဲ့ ကျောက်စိမ်းပြားကိုထုတ်ပေးလိုက်လေသည်။

ထိုကျောက်စိမ်းပြားဟာ သူသတိပြန်ရလာကထဲက ယွဲ့အာ ပြုလုပ်ပေးထားသည့် ကျောက်စိမ်းပြားပင်ဖြစ်သည်။

"မင်း....မင်းသားရန်.."

သူ၏ကျောက်စိမ်းပြားကိုတွေ့တာနဲ့ အထစ်ထစ်အငေါ့ငေါ့ဖြစ်ကာ ခေါ်ဝေါ်လာတဲ့ ရဲမက််ကို အသိအမှတ်ပြု့သည့် အနေဖြင့် ခေါင်းသာညိတ်ပြလိုက်ပြီး သိချင်‌ေနသည့် အကြောင်းအရာကို မေးမြန်းလိုက်၏။

"ယွဲ့အာ...မဟုတ်ဘူး အရှင်မင်းကြီးဘယ်မှာလဲ.."

"အရှင်မင်းကြီးက အခု့လေကျင့်ရေးကွင်းမှာရှိနေပါတယ် အရှင်"

လိုချင်သည့် အဖြေရတာနဲ့ တျန်းရန် လေ့ကျင့်ရေးကွင်းရှိမည့်နေရာကို စတင်ရှာဖွေရလေသည်။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now