Part 10

13.8K 1.4K 37
                                    

<Unicode>

"ဘယ်တုန်းထဲကလည်း..."

ဟုတ်တယ်လေ အခုမှတော့ ဘယ်တုန်းထဲက ချစ်သူတွေဖြစ်နေပြတာလညး်လို့ မေးမှပဲရတော့မှာပေါ့။

"ကျွန်တော်နန်းတော်ကိုလာပြီး အရှင်နဲ့အတူ ပညာသင်ဖက်ကျောင်းသားအဖြစ် ကြေညာခံရပြီး နောက်နှစ်မှာပါအရှင်.."

တျန်းရန် မုဖန်၏စကား‌ေကြာင့် ဆွံအသွားရလေသည်။

ဟုတ်ပါတယ် တျန်းရန်၁၆နှစ်လောက်ထိ နန်းတွင်းမှာ မင်းသားတစ်ပါးအနေနဲ့ရော ဝမ်ရယ်အငယ်လေးအနေဖြင့်ရော နေထိုင်ခဲ့ဖူးပါတယ်။နောက််မှသာ ငါးပြည်ထောင်လှည့်လည်သွားလာရင်း နန်းတော်ကိုပြန်မလာတော့ပဲ အပြင်ကဝမ်ရယ်အိမ်တော်မှာသာ နေထိုင်ခဲ့တာဖြစ်သည်ယ

မုဖန်ပြောတဲ့ ပညာသင်ဖက်ဆိုတာ မင်းကျင့်တရားတွေအပြင် တရားရေးအတွက် တျန်းရန် အသက်၁၅နှစ်မှာ မုဖန်ကို ဇာတ်လိုက်ရဲ့အဘိုး တျန်းရန်ရဲ့ အဖေဧကရာဇ်က သူ့သားအဖော်မရှိမှာစိုးတာကြောင့် စာသင်ဖက်တစ်ယောက် ချီးမြောက်ပေးခဲ့တဲ့နှစ်ပါ။

ဒီဘက်ခတ်မှာက ၁၅နှစ်ဆို လူပျိုလုံးလုံးဖြစ်ပြီဖြစ်ပြီး ဇာတ်လိုက်၏အဖေဖြစ်တဲ့ တျန်းရန်၏အကိုတောင် သူ့အသက်၁၄နှစ်ထဲက ဇာတ်လိုက်၏အမေနဲ့ မိဘခြင်းသဘောတူပေးစားထားတာဖြစ်ပါတယ်။

ဒီတော့ တစ်ကယ့်စဥ်စားစရာပဲ ဒီလောက်နှစ်တွေအကြာကြီးကို ဒီနှစ်ယောက် သူမသိအောင် ဖုံးဖိထားနိုင်တာက အံြသစရာပဲ။

အင်း မူလပိုင်ရှင်ဒီအကြောင်းကို အဆုံးထိမသိသွားတာလဲ မပြောနဲ့လေ ဘယ်သူကစဥ်းစားမိမှာလဲ သူငယ်ချင်းနဲ့ လူယုံနဲ့က နှစ်တွေအကြာကြီးချစ်နေကြတယ်ဆိုတာ။

ခဏလေး ဝတ္ထုထဲမှာက နောက်ဆုံးမုဖန်က ဦးရီးတော်ကို သစ္စာဖောက်ခဲ့တာလေ ဒါပေမဲ့ သူရဲ့ကြင်ယာတော်ဖြစ်တဲ့ ရှင်းလီကလည်း ဦးရီးတော်ရဲ့ လူယုံဖြစ်နေတာတောင် အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာအပြစ်မှ မပေးခံရဘူးဆိုတော့ ကြည့်ရတာ ရှင်းလီကပါ ဦးရီးတော်ကို သစ္စာဖောက်တာလား။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now