Part 28

10.5K 1.1K 44
                                    

<Unicode>

ဇာတ်လိုက်နဲ့ ရန်ဖြစ်ပြီး နန်းတော်အပြင်ဘက််မှာ ၂ပတ်လောက်နေခဲ့ခြင်းဟာ တရုတ်ရိုးရာအရ သတို့သားနဲ့သတို့သမီးဟာ လက််မထပ်ခင် တစ်ယောက််မျက်နှာတစ်ယောက် တွေ့ခွင့်မရှိဘူးဆိုတဲ့ ရိုးရာကိုစောင့်ထိန်းသလိုဖြစ်သွားပြီး နန်းတော်ကိုပြန်ရောက်တဲ့နေမှာပဲ တျန်းရန်ဟာ နောက်သုံးရက်နေလျှင် ကျင်းပပြုလုပ်တော့မည့် မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်သကဲ့သို့ ဖြစ်သွားလေသည်။

ထိုပြင် သူအိမ်တော်မှာရှိနေသည့် အချိန်တိုင်း ဆောင်းတွင်းဝတ်ရုံအတွက်ဆိုပြီး ကိုယ်တိုင်း တိုင်းရန် မကြာခဏရောက်လာတက်သည့် အထိန်းတော်များဟာ အမှန်တကယ်တော့ မင်္ဂလာပွဲနေ့အတွက် ဝတ်စုံတိုင်းခြင်းဆိုတာကို တျန်းရန်ဒီကနေ့မှ သိရှိလိုက်လေသည်။

ယောကျာ်းသားတစ်ဦးဖြစ်တာကြောင့် သူ၏ခန္တာကိုယ်အား အခြားသူမြင်တွေ့မည်ကို ရှက်ရွံသည့်တျန်းရန်က သူတစ်ယောက်ထဲသာ ထိုအဝတ်အစားများကို အဝတ်လဲလှယ်လေသည်။

ခါတိုင်း သူဝတ်ဆင်သည့် အဝတ်အစားထက် ပိုမိုလေးလံပြီး အထပ်ရေများတာကြောင့် တျန်းရန်တစ်ယောက်ထဲ ဝတ်ဆင်ရန်မတက်နိုင်တော့ပဲ အစေခံတစ်ယောက်ကို အဝတ်လဲဆောင်ထဲ ခေါ်ဆောင်လိုက်ရလေသည်။

သိမ်မွေ့စွာနဲ့ တစ်လွှာခြင်းဝတ်ဆင်ပေးနေသည့် အစေခံ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး တျန်းရန် အနည်းငယ်ထူးဆန်းနေရသည်။

ဒီနန်းတော်မှာ နေလာတဲ့ နှစ်တွေမှာ တျန်းရန်ဟာ သူ့အဆောင်တော်မှ အစေခံပေါင်းများစွာကို နာမည်မသိလျှင်တောင် မျက်နှာများနှင့် အဝတ်အစားအရောင်များကို ခွဲခြား၍ မျက််မှန်းတန်းမိလေသည်။

သို့သော် ယခု သူ့အားဝတ်ဆင်ပေးနေသည့် အစေခံမလေးကိုတော့ တျန်းရန်အစိမ်းသက်သက်ဖြစ်နေလေသည်။

ဒါ့ကြောင့် သေချာစူးစမ်းလေ့လာကြည့်တော့ ရွန်းလဲ့တဲ့မျက်ဝန်းတွေနဲ့ ကော့ညွှန့်နေတဲ့ မျက်တောင်စိပ်များအပါအဝင် ဖောင်းကြွနေတဲ့ နှုတ်ခမ်းသားများနှင့် အပြုအမူ သွင်ပြင်ကအစ အထက်တန်းအဆင့်ရှိတဲ့ ထိုမိန်းကလေးဟာ အစေခံတစ်ယောက်နဲ့ပင် မတူပေ။

ငါလေးက ဇာတ်လိုက်ရဲ့ ဗီလိန် ဦးရီးတော် {Complete}Where stories live. Discover now